Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 14:26

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြင်း​ပြ​စွာ​ခံ​စား​နေ​ရ​ကြ​သော​ဆင်း​ရဲ​ဒုက္ခ ကို​မြင်​တော်​မူ​၏။ သူ​တို့​အား​ကူ​မ​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​၏​မင်း​ဆက် ကို​ပျက်​သုဉ်း​စေ​မည်။ ကြီး​ငယ်​မ​ရွေး​သင်​၏ သား​မြေး​ထဲ​မှ​ယောကျာ်း​မှန်​သ​မျှ​ကို​သုတ် သင်​ပစ်​မည်။ သင်​၏​အိမ်​ထောင်​စု​သား​တို့​ကို ငါ​ပယ်​ရှင်း​မည်။ သူ​တို့​အား​နောက်​ချေး​သ​ဖွယ် ရှင်း​လင်း​ပစ်​မည်။-

ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​က`ငါ​သည်​သင့် အား​ဘေး​ဒဏ်​သင့်​စေ​မည်။ သင့်​ကို​သုတ်​သင် ပယ်​ရှင်း​၍​သင်​၏​အိမ်​ထောင်​စု​သား​ယောကျာ်း ဟူ​သ​မျှ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား ကြင်​နာ​တော်​မူ​သ​ဖြင့် သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ထောက်​၍ သူ တို့​အား​ကူ​မ​တော်​မူ​၏။ မိ​မိ​၏​လူ​မျိုး တော်​အား အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ တော်​မ​မူ။

ထို​အ​ခါ​ယော​ခတ်​သည်​ထာ​ဝရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ထာ​ဝရ​ဘု​ရား​သည် လည်း​ရှု​ရိ​ဘု​ရင်​၏​ညှဉ်း​ဆဲ​နှိပ်​စက်​မှု​ကို ဣ​သ ရေ​လ​အ​မျိုး​တို့​အ​ဘယ်​မျှ​ခံ​နေ​ရ​ကြ ကြောင်း​ကို​ရှု​မှတ်​တော်​မူ​သ​ဖြင့် ယော​ခတ် ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။-

အာ​ဟပ်​၏​မိ​သား​စု​နှင့်​သူ​၏​မြေး​အ​ပေါင်း တို့​သည်​သေ​ရ​ကြ​မည်။ သူ​၏​မိ​သား​စု​မှ ယောကျာ်း​မှန်​သ​မျှ​ကို​ကြီး​ငယ်​မ​ရွေး​ငါ ပယ်​ရှား​မည်။-

သူ​တို့​သည်​ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​ကြ​သ​ဖြင့် အား​အင်​ကုန်​ခန်း​ရ​ကြ​၏။ လဲ​ကျ​သော်​လည်း​သူ​တို့​အား​ထူ​မ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။

ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​ပါ​တော့​မည်။ ကူ​မ​မည့်​သူ​လည်း​တစ်​ယောက်​မျှ​မ​ရှိ​ပါ။

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး တော်​သည် အီ​ဂျစ်​ပြည်​တွင်​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​ကို​ငါ​ဒိ​ဌ​တွေ့​မြင်​ရ​ပြီ။ သူ​တို့​ကို​စေ ခိုင်း​သော​သ​ခင်​တို့​၏​ညှင်း​ပန်း​ခြင်း​ကို​မ​ခံ မ​ရပ်​နိုင်​သော​ကြောင့် သူ​တို့​အော်​ဟစ်​၍​အ​ကူ အ​ညီ​တောင်း​ခံ​သံ​ကို​ငါ​ကြား​ရ​ပြီ။ ငါ​သည် သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​ဧ​ကန်​အ​မှန် သိ​မြင်​ရ​ပြီ။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အော်​ဟစ်​သံ ကို​ငါ​ကြား​ရ​ပြီ။ သူ​တို့​အား​အီ​ဂျစ်​အ​မျိုး သား​တို့​ရက်​စက်​စွာ​ညှင်း​ဆဲ​ပုံ​ကို​လည်း​ငါ မြင်​ရ​ပြီ။-

သူ​တို့​ကို​ကယ်​တင်​သူ​မှာ​ကောင်း​ကင်​တ​မန် မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တိုင်​ဖြစ်​တော် မူ​၏။ ကိုယ်​တော်​သည်​မေတ္တာ​က​ရု​ဏာ​တော် ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ကယ်​တင်​တော် မူ​၏။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​သည်​သူ တို့​အား​အ​စဉ်​အ​မြဲ​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ခဲ့​သော်​လည်း၊-

ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ​ပြည် ကို​အ​မျက်​တော်​ဖြင့် ဖျက်​ဆီး​ပစ်​မည်​ပြု​သော အ​ခါ​ထို​ပြည်​ကို​တံ​တိုင်း​ကာ​နိုင်​မည့်​သူ၊ မြို့ ရိုး​များ​ပြို​ရာ​တွင်​ရပ်​၍​ခု​ခံ​နိုင်​မည့်​သူ​ကို ငါ​ရှာ​ကြည့်​၏။ သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​တွေ့​ရ။-

ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​၏ အင်​အား​ကုန်​သည့်​အ​ဖြစ်​ကို​မြင်​ရ​သော အ​ခါ သူ​တို့​အား​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကို​ဆည်း​ကပ်​ကိုး​ကွယ်​သူ​တို့ ခို​ကိုး​ရာ​မဲ့​သည့်​အ​ဖြစ်​ကို​မြင်​တော်​မူ​သော အ​ခါ သူ​တို့​အား​က​ရု​ဏာ​ပြ​တော်​မူ​လိမ့်​မည်။

သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​လည်း စွန့်​ပယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ကုန်​၏။ ကိုယ် တော်​သည်​လည်း​ထို​သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​အ​တွက်​က​ရု​ဏာ​သက်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ