Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 14:24

Common Language Bible

သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​၏​ဆိုး​ယုတ်​သည့်​လမ်း​စဉ်​ကို လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဧ​ရ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​အ​ကျင့် ဆိုး​သော​သူ​ဖြစ်​ခြင်း​ကြောင့် ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​အ​သက်​တို​စေ​တော်​မူ​၏။-

ယေ​ရော​ဗောင်​သည်​အ​ပြစ်​ကူး​၍​ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​လည်း အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင် လမ်း​ပြ​သူ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣသ​ရေ​လ​ပြည်​ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု ဆို​၏။

(ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် အာ​ဟပ်​ကဲ့ သို့​ဒု​စ​ရိုက်​ကို​လွန်​ကဲ​စွာ​ပြု​သူ​တစ်​ယောက်​မျှ မ​ရှိ။ သူ​ပြု​သော​အ​မှု​အ​ရာ​မှန်​သ​မျှ​မှာ​မိ ဖု​ရား​ယေ​ဇ​ဗေ​လ​၏​တိုက်​တွန်း​ချက်​အ​ရ ဖြစ်​သည်။-

သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​ကာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​ယေ​ရော​ဗောင်​မင်း ၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​လိုက်​လျှောက်​သူ​ဖြစ်​၏။-

သူ​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​ယေ​ရော ဗောင်​မင်း​ကဲ့​သို့ ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး လွန်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။ သူ​သည်​အ​ဘယ် အ​ခါ​မျှ​မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်။-

သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​အား ယေ​ရော ဗောင်​မင်း​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သည့်​ဒု​စ​ရိုက် လမ်း​စဉ်​ကို​မ​စွန့်​ဘဲ ဆက်​လက်​၍​လိုက်​မြဲ လိုက်​ကြ​၏။ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန် တိုင်​သည်​ရှ​မာ​ရိ​မြို့​တွင်​ရှိ​မြဲ​ရှိ​သေး​၏။

ယော​ရှ​၏​သား​တော်​ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​၏ နန်း​စံ​တစ်​ဆယ့်​ငါး​နှစ်​မြောက်​၌ ယ​ဟော​ရှ​၏ သား​တော်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​တိုင်​တိုင်​နန်း စံ​လေ​သည်။-

သူ​သည်​မြောက်​သို့​လား​သော်​ဟာမတ်​တောင်​ကြား လမ်း၊ တောင်​သို့​လား​သော်​ပင်​လယ်​သေ​တိုင်​အောင် ယ​ခင်​အ​ခါ​က​ဣသ​ရေ​လ​ပြည်​၏​ပိုင်​နက်​နယ် မြေ​မှန်​သ​မျှ​တို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။ ဤ​ကား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် မိ​မိ​၏​ကျွန်​တော် ရင်း၊ ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိတ္တဲ​၏​သား​ပရော​ဖက် ယော​န​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ပင်​ဖြစ်​သ​တည်း။

မိ​မိ​၏​သား​တော်​ကို​လည်း မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ယဇ်​ပူ​ဇော်​၏။ နတ်​ဝိဇ္ဇာ​အ​တတ်​နှင့်​မှော် အ​တတ်​များ​ကို​လေ့​လာ​၍ ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​တို့​ကို​တိုင်​ပင်​၏။ သူ​သည်​ထာ​ဝရ ဘု​ရား​အား များ​စွာ​ပြစ်​မှား​၍​အ​မျက်​တော် ကို​လှုံ့​ဆော်​လေ​သည်။-

သို့​ရာ​တွင်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​နေ​ဗတ် ၏​သား​ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​စေ​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ပေး​လေ​သည်။ ထို​သို့​အ​ပြစ် ကူး​လွန်​မှု​ကို​အ​မြဲ​ပြု​၏။

သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို မြက်​စား​တိ​ရစ္ဆာန်​ရုပ်​နှင့်​အ​စား​ထိုး​ကြ​ကုန်​၏။

ထို​အ​ခါ​ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ်​အာ​မ​ဇိ က ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​ထံ​သို့ သံ​တော်​ဦး​တင်​လိုက်​လေ​၏။ ``အာ​မုတ်​သည် အ​ရှင်​မင်း​ကို​ဆန့်​ကျင်​ဖို့​ရန်​ပြည်​သူ​တို့ ကြား​တွင်​ကြံ​စည်​လျက်​ရှိ​ပါ​သည်။ သူ​ဟော သော​စ​ကား​များ​ကြောင့်​နိုင်​ငံ​တော်​ပျက်​ရ ပါ​လိမ့်​မည်။-

ဗေ​သ​လ​မြို့​သို့​နောက်​တစ်​ဖန်​လာ​၍​မ​ဟော လေ​နှင့်၊ ဤ​နေ​ရာ​သည်​ဘု​ရင်​မင်း​ကိုယ်​တော် တိုင်​ကိုး​ကွယ်​ဝတ်​ပြု​ရာ အ​မျိုး​သား​ဗိ​မာန် တော်​ဖြစ်​သည်'' ဟု​ဆို​လိုက်​၏။

သို့​ဖြစ်​သော​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နား​ထောင်​လော့။ သင်​က​ငါ့ အား၊ ဣသ​ရေ​လ​ပြည်​သား​တို့​တစ်​ဖက်​မှ ဆန့်​ကျင်​ပြီး​ပ​ရော​ဖက်​မ​ပြု​နှင့်​မ​ဟော နှင့်​ဟု​ဆို​၏။-

ဣ​ဇာက်​မှ​ဆင်း​သက်​သော​အ​မျိုး​အ​နွယ်​တို့ ကိုး​ကွယ်​ရာ​အ​ရပ်​များ​ပျက်​စီး​ရ​တော့​မည်။ ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​သန့်​ရှင်း​ရာ​ဌာ​န​မှန် သ​မျှ​ကို မြေ​ပုံ​အ​ဖြစ်​နှင့်​သာ​ကျန်​ရစ်​စေ မည်။ ငါ​သည်​ယေ​ရော​ဗောင်​မင်း​ဆက်​၏​နန်း သက်​ကို​ကုန်​စေ​တော့​မည်'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၍ အ​မျက်​တော်​ထွက်​စေ​သော​ကြောင့် ငါ​သည်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​ပျပ်​ဝပ်​လျက် နေ​ခဲ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ