၄ ရာ 14:13Common Language Bibleယဟောရှသည်အာမဇိကိုဖမ်းဆီးကာ ယေရု ရှလင်မြို့သို့ချီတက်၍မြို့ရိုးပေခြောက်ရာ ကိုဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် ဖြိုချလိုက်၏။- အခန်းကိုကြည့်ပါ။ |
နွေဦးပေါက်သောအခါနေဗုခဒ်နေဇာမင်း သည်ယေခေါနိကိုဖမ်းဆီးပြီးလျှင်ဗာဗု လုန်ပြည်သို့ခေါ်ဆောင်သွား၏။ နန်းတော်ဘဏ္ဍာ များကိုလည်းသိမ်းယူသွားလေသည်။ ထို နောက်နေဗုခဒ်နေဇာသည်ယေခေါနိ၏ ဘထွေးတော် ဇေဒကိကိုယုဒဘုရင်အဖြစ်ဖြင့်ယေရု ရှလင်မြို့တွင်နန်းတင်တော်မူ၏။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
မြောက်ဘက်ရှိဂေဘမြို့မှသည် တောင်ဘက်ရှိ ရိမ္မုန်မြို့တိုင်အောင်ယေရုရှလင်မြို့ပတ်ဝန်း ကျင်မှ မြေများကိုညီညာအောင်ညှိရကြ လိမ့်မည်။ ယေရုရှလင်မြို့သည်လည်းပတ် ဝန်းကျင်မြေများ၏အထက်တွင်မိုး၍နေ လိမ့်မည်။ ဤမြို့သည်ဗင်္ယာမိန်တံခါးမှသည် တံခါးဟောင်းရှိခဲ့ဖူးသည့်မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက် မှသည်နန်းတော်စပျစ်သီးနယ်ရာကျင်း များတိုင်အောင်လည်းကောင်းတည်ရှိလိမ့်မည်။-