Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 13:19

Common Language Bible

ယင်း​သို့​ရပ်​လိုက်​သည့်​အ​တွက်​ဧ​လိ​ရှဲ​သည် အ​မျက်​ထွက်​၍ မင်း​ကြီး​အား``အ​ကယ်​၍​ငါး ကြိမ်​ခြောက်​ကြိမ်​ရိုက်​ခဲ့​ပါ​မူ ရှု​ရိ​အ​မျိုး​သား တို့​အား​အ​ပြီး​အ​ပိုင်​အ​နိုင်​ရ​မည်။ ယ​ခု မှာ​မူ​သုံး​ကြိမ်​သာ​လျှင်​သူ​တို့​အား​အ​နိုင် ရ​လိမ့်​မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဧ​လိ​ရှဲ​သည်​မင်း​ကြီး​အား အ​ခြား မြား​တို့​ကို​ယူ​စေ​၍``မြေ​ကြီး​ကို​ရိုက်​လော့'' ဟု​ဆို​သည့်​အ​တိုင်း​သုံး​ကြိမ်​ရိုက်​ပြီး​လျှင် ရပ်​လိုက်​၏။-

ထို​ကာ​လ​၌​ဣ​သ​ရေ​လ​ဘု​ရင်​ယော​ခတ် မင်း​၏​သား​တော်​ယ​ဟော​ရှ​သည် ဗင်္ဟာ​ဒဒ်​ကို သုံး​ကြိမ်​တိုင်​တိုင်​နှိမ်​နင်း​ပြီး​လျှင် ခ​မည်း တော်​ယော​ခတ်​လက်​ထက်​၌​ဗင်္ဟာ​ဒဒ်​သိမ်း​ယူ သွား​သော​မြို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။

ထို​အ​ခါ​ဧ​လိ​ရှဲ​က``သင်​သည်​နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​သား​ကို​ချီ​ပိုက်​ရ​လိမ့်​မည်'' ဟု​ပြော​၏။ အ​မျိုး​သ​မီး​က``အို အ​ရှင်၊ ကျွန်​မ​အား​လိမ် လည်​၍​မ​ပြော​ပါ​နှင့်။ အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​အ​စေ​ခံ​ဖြစ်​ပါ​၏'' ဟု​ပြန်​ပြော​၏။

ထို​ဟင်း​ကို​လူ​တို့​စား​သောက်​ရန်​လောင်း​ထည့် လိုက်​သော​အ​ခါ သူ​တို့​သည်​မြည်း​စမ်း​မိ​သည် နှင့်​တစ်​ပြိုင်​နက်​ဧ​လိ​ရှဲ​အား``ဤ​ဟင်း​တွင် အ​ဆိပ်​ခတ်​ထား​ပါ​သည်​တ​ကား'' ဟု​ဟစ် အော်​ကာ​မ​စား​ဘဲ​နေ​ကြ​၏။-

ဧ​လိ​ရှဲ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​က``ငါ့​သ​ခင်​သည် နေ​မန်​ထံ​မှ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ဘဲ သူ့ အား​ထွက်​ခွာ​သွား​ခွင့်​ပြု​လေ​ပြီ​တ​ကား။ သ​ခင် သည်​ရှု​ရိ​အ​မျိုး​သား​ပေး​လှူ​သည့်​ပစ္စည်း​များ ကို​လက်​ခံ​သင့်​သည်။ ငါ​သည်​နေ​မန်​၏​နောက်​သို့ ပြေး​၍​လိုက်​ပြီး​လျှင် သူ့​ထံ​မှ​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရ​အောင်​ယူ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ပါ​၏'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​ကာ၊-

သို့​ရာ​တွင်​ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``ဤ မည်​သော​နေ​ရာ​တွင်​ရှု​ရိ​အ​မျိုး​သား​တို့​သည် ခြုံ ခို​တိုက်​ခိုက်​ရန်​စောင့်​လျက်​နေ​ကြ​ပါ​သည်။ သို့ ဖြစ်​၍​ထို​နေ​ရာ​သို့​မ​သွား​ပါ​နှင့်'' ဟု​လူ​လွှတ် ၍​သ​တိ​ပေး​လေ​သည်။-

(ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​နှင့်​မ​ထမ်း​ဆောင်​သူ​သည် ကျိန်​ဆဲ ခြင်း​ကို​ခံ​ရ​ပါ​စေ​သ​တည်း။ မိ​မိ​၏​ဋ္ဌား​နှင့် ခုတ်​၍​မ​သတ်​သော​သူ​သည်​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။)

ထို့​နောက်​မော​ရှေ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ် သော​ဆိတ်​အ​ကြောင်း​ကို​စုံ​စမ်း​မေး​မြန်း​သော အ​ခါ ထို​ယဇ်​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​ကြောင်း​သိ ရ​၏။ ထို့​ကြောင့်​သူ​သည်​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ တို့​အား​အ​မျက်​ထွက်​၍၊-

ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​ကို​အ​လွန် အ​မျက်​ထွက်​၍ ထာ​ဝ​ရ​ဘု​ရား​အား``ဤ​သူ တို့​ဆက်​သ​သော​ပူ​ဇော်​သကာ​ကို​လက်​ခံ တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​သူ​တို့​တစ် ဦး​တစ်​ယောက်​ကို​မျှ​မ​တော်​မ​တ​ရား​မ​ပြု လုပ်​ခဲ့​ပါ။ သူ​တို့​ထံ​မှ​မြည်း​တစ်​ကောင်​မျှ မ​သိမ်း​မ​ယူ​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။

သ​ခင်​ယေ​ရှု​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​တော် မူ​လျှင် အ​မျက်​ထွက်​တော်​မူ​၍ ``က​လေး​သူ​ငယ်​တို့ ကို​ငါ့​ထံ​သို့​လာ​ကြ​ပါ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို​သို့​သော သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။-

ထို​သူ​တို့​မှာ​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​သည့် အ​တွက် ကိုယ်​တော်​သည်​ဝမ်း​နည်း​၍​အ​မျက်​ထွက် လျက်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင်​၏​လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-

ကိုယ်​တော်​သည်​ထို​မြို့​တွင်​ဖျား​နာ​သူ​အ​နည်း​ငယ် ကို​လက်​တော်​တင်​၍ ကျန်း​မာ​စေ​တော်​မူ​သည်​မှ အ​ပ အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ​ပြ​တော် မ​မူ​နိုင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ