Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 13:12

Common Language Bible

ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင် သူ​လုပ် ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ယေ​ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​တိုက်​ခဲ့​သည့် စစ်​ပွဲ​များ​နှင့်​တိုင်း​ပြည်​အုပ်​ချုပ်​ပုံ​တို့​ကို​လည်း ကောင်း ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

အာ​ခ​ဇိ​မင်း​၏​အ​ခြား​လုပ်​ဆောင်​ချက်​ရှိ သ​မျှ​တို့​ကို ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။

သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​ကာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​ယေ​ရော​ဗောင်​မင်း ၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​လိုက်​လျှောက်​သူ​ဖြစ်​၏။-

ယ​ဟော​ရှ​ကွယ်​လွန်​သွား​သော​အ​ခါ သူ့​ကို ရှ​မာ​ရိ​မြို့​ရှိ​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

သူ​သည်​မြောက်​သို့​လား​သော်​ဟာမတ်​တောင်​ကြား လမ်း၊ တောင်​သို့​လား​သော်​ပင်​လယ်​သေ​တိုင်​အောင် ယ​ခင်​အ​ခါ​က​ဣသ​ရေ​လ​ပြည်​၏​ပိုင်​နက်​နယ် မြေ​မှန်​သ​မျှ​တို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။ ဤ​ကား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် မိ​မိ​၏​ကျွန်​တော် ရင်း၊ ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိတ္တဲ​၏​သား​ပရော​ဖက် ယော​န​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ပင်​ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ