ယုဒရှင်ဘုရင်ယောရှ၏နန်းစံသုံးဆယ့်ခုနစ် နှစ်မြောက်၌ ယောခတ်၏သားတော်ယဟောရှသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်ခြောက်နှစ်နန်းစံ လေသည်။-
ထာဝရဘုရားကယေဟုအား``သင်သည် ငါပြုစေလိုသည့်အတိုင်း အာဟပ်၏သား မြေးတို့ကိုပယ်ရှားခဲ့လေပြီ။ သို့ဖြစ်၍ သင်၏သားမြေးတို့အား စတုတ္ထအဆက် တိုင်အောင်ဣသရေလပြည်ကိုအုပ်စိုးစေ မည်'' ဟုမိန့်တော်မူ၏။-
ဣသရေလပြည်ဘုရင်ယေဟုမင်း၏နန်း စံခုနစ်နှစ်မြောက်တွင် ယောရှသည်ယုဒပြည် ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်နန်းစံလေသည်။ သူ၏မယ် တော်ကားဗေရရှေဘမြို့သူဇိဗိဖြစ်၏။-
ယုဒဘုရင်အာခဇိ၏သားတော်ယောရှ၏နန်း စံနှစ်ဆယ့်သုံးနှစ်မြောက်၌ ယေဟု၏သားတော် ယောခတ်သည် ဣသရေလပြည်ဘုရင်အဖြစ် နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံလေသည်။-
သူသည်လည်းထာဝရဘုရားကိုပြစ်မှားကာ ဣသရေလအမျိုးသားတို့ကိုအပြစ်ကူးလွန် ရန် ရှေ့ဆောင်လမ်းပြခဲ့သောယေရောဗောင်မင်း ၏ဒုစရိုက်လမ်းစဉ်ကိုလိုက်လျှောက်သူဖြစ်၏။-
သူကွယ်လွန်သောအခါရှမာရိမြို့တွင်သူ့ကို သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ယဟောရှ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
ယောခတ်၏သားတော်ဣသရေလဘုရင် ယဟောရှ ၏နန်းစံဒုတိယနှစ်၌ယောရှ၏သားတော်သည်၊ အသက်နှစ်ဆယ့်ငါးနှစ်ရှိသော်ယုဒပြည်ဘုရင် အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်နှစ်ဆယ့် ကိုးနှစ်နန်းစံရ၏။ သူ၏မယ်တော်မှာယေရု ရှလင်မြို့သူယုဒ္ဒန်ဖြစ်၏။-
ယုဒဘုရင်အာမဇိသည် ဣသရေလဘုရင် ယဟောရှကွယ်လွန်ပြီးနောက်တစ်ဆယ့်ငါး နှစ်တိုင်တိုင်အသက်ရှင်နေ၏။-
သို့ဖြစ်၍``ငါသည်သင်၏သားမြေးတို့အား စတုတ္ထအဆက်တိုင်အောင် ဣသရေလပြည်ကိုအုပ်စိုးစေမည်'' ဟုယေဟု အား ထာဝရဘုရားမိန့်တော်မူခဲ့သောစကား တော်အတိုင်းဖြစ်သတည်း။