Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 12:7

Common Language Bible

ယော​ရှ​သည်​ယော​ယ​ဒ​နှင့်​အ​ခြား​ယဇ်​ပု​ရော ဟိတ်​များ​ကို​ခေါ်​၍``သင်​တို့​သည်​အ​ဘယ် ကြောင့်​ဗိ​မာန်​တော်​ကို​မ​ပြင်​ဘဲ​နေ​ကြ​သ​နည်း။ ယ​ခု​အ​ချိန်​မှ​အ​စ​ပြု​၍ သင်​တို့​သည်​မိ​မိ တို့​ရ​ရှိ​သည့်​ငွေ​ကို​သိမ်း​ဆည်း​၍​မ​ထား​ရ ကြ။ ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပေး​အပ်​ရ​ကြ​မည်'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သတ္တမ​မြောက်​သော​နှစ်​သို့​ရောက် သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဘု​ရင်​မ​၏​ကိုယ်​ရံ​တော်​တပ်​မှူး​များ​နှင့် နန်း​တော်​အ​စောင့်​တပ်​မှူး​များ​ကို​ဗိ​မာန် တော်​သို့​ခေါ်​ပြီး​လျှင် မိ​မိ​၏​အ​ကြံ​အ​စည် အ​တိုင်း​လိုက်​နာ​ကြ​ရန်​သစ္စာ​ဆို​စေ​၏။ ထို နောက်​သူ​သည်​ထို​သူ​တို့​အား အာ​မ​ဇိ မင်း​၏​သား​တော်​ယော​ရှ​ကို​ပြ​ပြီး​လျှင်၊-

သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏​သွန် သင်​မှု​ကို​ခံ​ယူ​ရ​ရှိ​သ​ဖြင့် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​များ​ကို​ပြု​၏။-

သို့​ရာ​တွင်​ယော​ရှ​၏​နန်း​စံ​နှစ်​ဆယ့်​သုံး​နှစ် မြောက်​သို့​ရောက်​ရှိ​သည်​တိုင်​အောင် ဗိ​မာန်​တော် တွင်​မည်​သည့်​မွမ်း​မံ​ပြင်​ဆင်​မှု​ကို​မျှ​မ​ပြု ရ​သေး​သ​ဖြင့်၊-

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ငွေ​ကို​ပေး အပ်​ရန်​နှင့် ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​ကို တာ​ဝန်​မ​ယူ​ရန်​သ​ဘော​တူ​ကြ​လေ​သည်။

ယွာ​ဘ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​သား​တို့​အား ယ​ခု​ထက်​အ​ဆ​တစ်​ရာ ပို​မို​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ အ​ရှင်​မင်း​ကြီး၊ သူ​တို့​အ​ပေါင်း​သည်​ကိုယ် တော်​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​ကြ​ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​ပြစ် ရ​ကြ​စေ​ရန် အ​ဘယ်​ကြောင့်​ဤ​အ​မှု​ကို ပြု​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​၏။-

ယော​ယ​ဒ​သည်​ခြောက်​နှစ်​မျှ​စောင့်​ဆိုင်း​နေ ပြီး​နောက် အ​ရေး​ယူ​ဆောင်​ရွက်​ရန်​အ​ချိန်​ကျ ပြီ​ဖြစ်​ကြောင်း​ဆုံး​ဖြတ်​လျက် တပ်​မ​တော် အ​ရာ​ရှိ​ငါး​ဦး​ဖြစ်​ကြ​သော​ယေ​ရော​ဟံ ၏​သား​အာ​ဇ​ရိ၊ ယော​ဟ​နန်​၏​သား​ဣရှ​မေ​လ၊ သြ​ဗက်​၏​သား​အာ​ဇ​ရိ၊ အဒါ​ယ​၏​သား မာ​သေ​ယ၊ ဇိ​ခ​ရိ​သား​ဧ​လိ​ရှ​ဖတ်​တို့ နှင့်​သ​ဘော​တူ​ညီ​ချက်​ရ​ပြီး​နောက်၊-

ဣသ​ရေ​လ​ပြည်​သူ​တို့​အ​တွက်၊ ဘု​ရား​သ​ခင် အ​တွက်​နှင့် ဗိ​မာန်​တော်​အ​တွက်​ဆောင်​ရွက်​ခဲ့ သည်​ကို​အ​သိ​အ​မှတ်​ပြု​သည့်​အ​နေ​ဖြင့် ပြည်​သူ​တို့​သည်​သူ​၏​အ​လောင်း​ကို ဒါ​ဝိဒ် မြို့​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။

အ​နန္တ​တန်​ခိုး​ရှင်​ထာဝရ​ဘုရား​က​ဟ္ဂဲ​အား``ဤ အ​ချိန်​အ​ခါ​သည် ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​သင့်​သည့်​အ​ချိန်​အ​ခါ​မ​ဟုတ် ဟု ဤ​သူ​တို့​ပြော​ဆို​ကြ​ပေ​သည်။-''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ