၄ ရာ 12:3Common Language Bibleသို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများ ကိုမူကား မဖျက်မသိမ်းဘဲထားသဖြင့် ပြည်သူတို့သည်ထိုအရပ်များတွင်ယဇ် ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြသေး၏။ အခန်းကိုကြည့်ပါ။ |
သူသည်မိမိအလျင်နန်းစံခဲ့သည့်ခမည်းတော် အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက် တွင်ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ သို့ရာတွင်ရုပ်တု ကိုးကွယ်ရာဌာနများကိုမူမဖြိုမဖျက်သဖြင့် လူ တို့သည်ထိုအရပ်များတွင်ဆက်လက်၍ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။-
သူသည်ရုပ်တုဝတ်ပြုကိုးကွယ်ရာဌာနများ ကိုဖျက်သိမ်း၍ ကျောက်တိုင်များကိုချိုးဖျက် ကာအာရှရဘုရားမအားဆက်ကပ်ပူဇော် ထားသည့်တံခွန်တိုင်တို့ကိုခုတ်လှဲ၏။ မောရှေ ပြုလုပ်ခဲ့သည့်ကြေးဝါမြွေကိုလည်း အပိုင်း ပိုင်းဖြတ်လေသည်။ ထိုမြွေရုပ်ကားနဟုတ္တန်ဟု နာမည်တွင်၍ ဣသရေလအမျိုးသားတို့ သည်ထိုအချိန်ကာလတိုင်အောင်ပင် ထိုမြွေ ရုပ်အားနံ့သာပေါင်းကိုမီးရှို့၍ပူဇော်ခဲ့ ကြသတည်း။-
ထိုအပြင်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ထာဝရဘုရား၏ပညတ် ကျမ်းပြဋ္ဌာန်းချက်များကိုအချိန်ပြည့် တာဝန်ယူဆောင်ရွက်နိုင်ကြစေခြင်းငှာ သူ တို့ခံယူထိုက်သောလှူဖွယ်ပစ္စည်းများကို ယေရုရှလင်မြို့သူမြို့သားတို့ယူဆောင် လာကြရန်အမိန့်ပေးတော်မူ၏။-
အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။