၄ ရာ 12:18Common Language Bibleယုဒဘုရင်ယောရှသည်မိမိ၏အလျင် အုပ်စိုးခဲ့ကြသောယောရှဖတ်မင်း၊ ယဟောရံ မင်းနှင့်အာခဇိမင်းတို့ထာဝရဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည့်ပူဇော်သကာများနှင့် မိမိကိုယ်တိုင်ပေးလှူထားသည့်ပူဇော်သကာ များကိုလည်းကောင်း၊ ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များတွင်ရှိသမျှသောရွှေကိုလည်း ကောင်းယူ၍ လက်ဆောင်ပဏ္ဏာအဖြစ်ဟာဇေလ မင်းထံပေးပို့လိုက်၏။ ထိုအခါဟာဇေလ သည်မိမိ၏တပ်မတော်ကို ယေရုရှလင်မြို့ မှရုပ်သိမ်းသွားလေ၏။ အခန်းကိုကြည့်ပါ။ |
ဟာဇေလက``အရှင်၊ အဘယ်ကြောင့်ငိုပါ သနည်း'' ဟုမေး၏။ ဧလိရှဲက``ဣသရေလအမျိုးသားတို့အား သင်ပြုမည့်ကြမ်းကြုတ်ဆိုးယုတ်သည့်အမှု တို့ကို ငါသိမြင်သောကြောင့်ဖြစ်၏။ သင်သည် သူတို့၏ရဲတိုက်များကိုမီးရှို့ကာ အဖိုးတန် လူငယ်လူရွယ်တို့ကိုသတ်ဖြတ်လိမ့်မည်။ ကလေးသူငယ်တို့ကိုဆောင့်၍သတ်ပြီးလျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့၏ဝမ်းကို ခွဲလိမ့်မည်'' ဟုဆို၏။