Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 12:16

Common Language Bible

ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သကာ​နှင့်​အ​ပြစ်​ဖြေ ရာ​ပူ​ဇော်​သ​ကာ​တို့​မှ​ရ​ရှိ​သည့်​ငွေ​ကို​မူ အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​မ​ထည့်​ဘဲ​ယဇ်​ပု​ရော ဟိတ်​တို့​ယူ​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​ရှေ​လ​မိ၊ ပ​ညတ် ကျမ်း​တတ်​မြောက်​သူ​ဇာ​ဒုတ်​နှင့်​လေ​ဝိ​အ​နွယ် ဝင်​ပေ​ဒါ​ယ​တို့​အား​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း များ​အ​ဖြစ်​ခန့်​ထား​၏။ မ​ဿ​နိ​၏​မြေး၊ ဇက္ကု​ရ ၏​သား​ဟာ​နန်​အား​ထို​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ခန့်​ထား​၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့ ၏​လုပ်​ဖော်​ဆောင်​ဘက်​များ​အား​သစ္စာ​ရှိ​စွာ ရိက္ခာ​ဖြန့်​ဖြူး​ပေး​မည့်​သူ​များ​ဖြစ်​ကြောင်း ငါ​စိတ်​ချ​ယုံ​ကြည်​၏။

သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အ​ပြစ်​ကူး လွန်​ခြင်း​ကို​အ​ကြောင်း​ပြု​၍​ကြွယ်​ဝ​ချမ်း သာ​လာ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​သူ​တို့ အ​ပြစ်​တိုး​၍​ကူး​လွန်​စေ​ရန်​အား​ပေး​ကြ သည်။-

ထို​သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို​သတ်​သည့်​နေ​ရာ​၌ ဆိတ် ၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​ဆိတ်​ကို သတ်​ရ​မည်။ ဤ​ယဇ်​ပူ​ဇော်​ခြင်း​သည်​အ​ပြစ် ပြေ​စေ​ရန်​အ​တွက်​ဖြစ်​၏။-

သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ ယဇ်​ကောင်​များ​သတ်​သည့်​နေ​ရာ​၌ ဆိတ်​၏​ဦး ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​ဆိတ်​ကို​သတ် ရ​မည်။-

အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​နှစ်​မျိုး​စ​လုံး​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​မှာ ယဇ်​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား​သုံး​ခွင့်​ရှိ ခြင်း​ဖြစ်​သည်။-

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား ဆက်​သ​သော အ​ထူး​ပူ​ဇော်​သကာ​ရှိ​သ​မျှ​တို့ ကို​သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​အား​ငါ​ပေး​၏။ ဤ​ပဋိညာဉ်​သည်​ငါ​နှင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​ပြု​ထား​သော ထာ​ဝ​စဉ် တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ