၄ ရာ 11:18Common Language Bibleထိုနောက်ပြည်သူတို့သည်ဗာလဘုရားဗိမာန် ကိုဖြိုဖျက်၍ ယဇ်ပလ္လင်များနှင့်ရုပ်တုများကို ချိုးဖဲ့ပြီးလျှင် ယဇ်ပလ္လင်များ၏ရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုကွပ်မျက်ကြ၏။ ယောယဒသည်ဗိမာန်တော်တွင်အစောင့်များ ချထားပြီးနောက်၊- အခန်းကိုကြည့်ပါ။ |
ယေဟုသည်ပူဇော်သကာများကိုဆက်သ ပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများ နှင့်တပ်မှူးတို့အား``ဝင်၍ထိုသူအပေါင်းကို သတ်လော့။ တစ်ဦးတစ်ယောက်မျှမလွတ်သွား စေနှင့်'' ဟုပြော၏။ သူတို့သည်ဋ္ဌားလွတ်များ ကိုင်ဆောင်ကာ ထိုသူတို့ကိုသတ်ပြီးလျှင် အလောင်းများကိုအပြင်သို့ဆွဲထုတ်ကြ ၏။ ထိုနောက်သူတို့သည်ဗာလဗိမာန်အတွင်း ခန်းသို့ဝင်၍၊-
သူသည်ရုပ်တုဝတ်ပြုကိုးကွယ်ရာဌာနများ ကိုဖျက်သိမ်း၍ ကျောက်တိုင်များကိုချိုးဖျက် ကာအာရှရဘုရားမအားဆက်ကပ်ပူဇော် ထားသည့်တံခွန်တိုင်တို့ကိုခုတ်လှဲ၏။ မောရှေ ပြုလုပ်ခဲ့သည့်ကြေးဝါမြွေကိုလည်း အပိုင်း ပိုင်းဖြတ်လေသည်။ ထိုမြွေရုပ်ကားနဟုတ္တန်ဟု နာမည်တွင်၍ ဣသရေလအမျိုးသားတို့ သည်ထိုအချိန်ကာလတိုင်အောင်ပင် ထိုမြွေ ရုပ်အားနံ့သာပေါင်းကိုမီးရှို့၍ပူဇော်ခဲ့ ကြသတည်း။-
သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ၍ သူတို့၏ ဘုရားကျောက်တိုင်များကိုချိုးဖျက်ရမည်။ သူတို့ကိုးကွယ်သောဘုရားမအာရှရ၏ တံခွန်တိုင်များကိုမီးရှို့ရမည်။ သူတို့၏ ရုပ်တုများကိုခုတ်လှဲဖျက်ဆီးပစ်ရမည်။ ဤနည်းအားဖြင့်ထိုအရပ်များတွင် ယင်း ဘုရားများကိုကိုးကွယ်မှုပပျောက်သွား လိမ့်မည်။-
သင်တို့အားကျွန်ခံရာအီဂျစ်ပြည်မှကယ် တင်တော်မူခဲ့သော ထာဝရဘုရားကိုပုန် ကန်ရန်တိုက်တွန်းသောပရောဖက် သို့မဟုတ် အိပ်မက်ဖတ်တတ်သူကိုသေဒဏ်စီရင်ရမည်။ ထိုသူသည်သင်တို့အား ထာဝရဘုရားမိန့် မှာတော်မူသောအသက်ရှင်ရာလမ်းမှ သွေ ဖည်သွားစေရန်သွေးဆောင်သူဖြစ်သည်။ ယင်းဒုစရိုက်ကို သင်တို့မှဖယ်ရှားပစ်ရန် ထိုသူကိုသေဒဏ်စီရင်ရမည်။''