၄ ရာ 11:12Common Language Bibleထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာသရဖူကိုဆောင်းစေပြီး လျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်၏။ ထို့နောက်သူ့အားဘိသိက်ပေး၍ ဘုရင် ဖြစ်ကြောင်းကြေညာလေသည်။ လူတို့သည် လည်းလက်ခုပ်တီးလျက်``မင်းကြီးသက် တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြကုန်၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီးသည်မိလကုံနတ်ဘုရားရုပ်တု၏ ဦးခေါင်းမှရွှေသရဖူကိုယူ၍ဆောင်းတော် မူ၏။ ထိုသရဖူကားအလေးချိန်ခွက်တစ် ဆယ်ရှိ၍အဖိုးထိုက်သည့်ကျောက်မျက်တစ် လုံးတပ်ဆင်ထား၏။ မင်းကြီးသည်ကျောက် မျက်ကိုချွတ်၍မိမိသရဖူတွင်တပ်ဆင်၏။ မင်းကြီးသည်ထိုမြို့မှတိုက်ရာပါပစ္စည်း အမြောက်အမြားကိုလည်းသိမ်းယူတော် မူ၏။-
ယနေ့ပင်လျှင်သူသည်ယဇ်ပလ္လင်သို့သွား၍ နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ်များကိုယဇ် ပူဇော်ပါ၏။ သူသည်အရှင့်သားတော်အပေါင်း နှင့်တပ်မတော်ဗိုလ်ချုပ်ယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့ကိုခေါ်ဖိတ်သဖြင့် ယခု အချိန်၌သူတို့သည်အဒေါနိယနှင့်အတူ စားသောက်ကာ`အဒေါနိယမင်းသက်တော် ရှည်ပါစေသော်' ဟုကြွေးကြော်လျက်နေ ကြပါ၏။-
အာခဇိ၏သားယောရှတစ်ဦးတည်း သာလျှင် လွတ်မြောက်သွား၏။ အခြားသူ များနှင့်အတူသူ့အားသတ်မည့်ဆဲဆဲ ၌ဒွေးတော်ယောရှေဘကကယ်ဆယ်လိုက် လေသည်။ ယောရှေဘသည်ယဟောရံမင်း ၏သမီးဖြစ်၍ အာခဇိနှင့်အဖေတူ အမေကွဲမောင်နှမတော်သတည်း။ သူ သည်ယောရှအသတ်မခံရစေရန်ယောရှ နှင့်အထိန်းတော်အားခေါ်၍ ဗိမာန်တော် အိပ်ခန်းတွင်ဝှက်ထားလေသည်။-
သို့ရာတွင်သတ္တမမြောက်သောနှစ်သို့ရောက် သောအခါ ယဇ်ပုရောဟိတ်ယောယဒသည် ဘုရင်မ၏ကိုယ်ရံတော်တပ်မှူးများနှင့် နန်းတော်အစောင့်တပ်မှူးများကိုဗိမာန် တော်သို့ခေါ်ပြီးလျှင် မိမိ၏အကြံအစည် အတိုင်းလိုက်နာကြရန်သစ္စာဆိုစေ၏။ ထို နောက်သူသည်ထိုသူတို့အား အာမဇိ မင်း၏သားတော်ယောရှကိုပြပြီးလျှင်၊-
ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာ သရဖူကိုဆောင်းပေးပြီးလျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်လေသည်။ ဤသို့ဖြင့်ယောရှကိုမင်းမြှောက်ကြ၏။ ယဇ် ပုရောဟိတ်ယောယဒနှင့်သူ၏သားတို့သည် ယောရှအား ဘိသိက်ပေးပြီးကြသောအခါ လူအပေါင်းတို့က``မင်းကြီးသက်တော်ရှည် ပါစေသော'' ဟုကြွေးကြော်ကြကုန်၏။
ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား ဥပဒေများကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်တို့အားပညတ်တော် များကိုလည်းကောင်းပေးအပ်တော်မူခဲ့၏။ ပညတ်တော်များကိုသားမြေးတို့အား တစ်ဆင့်သွန်သင်ပေးနိုင်ကြရန် ကိုယ်တော်သည်ငါတို့ဘိုးဘေးတို့အား မှာကြားဆင့်ဆိုတော်မူ၏။
အချင်းမြစ်တို့၊လက်ခုပ်တီးကြလော့။ အချင်းတောင်များတို့၊ထာဝရဘုရားသည် ကမ္ဘာလောကကိုအုပ်စိုးရန်ကြွလာတော်မူ ပြီဖြစ်၍ တစ်ပြိုင်နက်ရှေ့တော်တွင်ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ ကိုယ်တော်သည်ကမ္ဘာပေါ်ရှိလူအပေါင်းတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
ကိုယ်တော်သည်အမှန်ကိုနှစ်သက်တော်မူ၍ အမှားကိုမုန်းတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်၏ဘုရားတည်းဟူသော ဘုရားသခင်သည် ကိုယ်တော်အားရွေးချယ်၍ကိုယ်တော်၏ အပေါင်းအဖော်တို့ထက်ပိုမိုချီးမြှင့်ကာ ရွှင်လန်းဝမ်းမြောက်ခွင့်ကိုပေးတော်မူပေသည်'' ဟုမိန့်တော်မူ၏။-
သို့သော်ငါတို့တွေ့မြင်ကြရသူကား ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်လူအပေါင်း တို့အတွက် အသက်တော်ကိုစွန့်တော်မူနိုင်ရန် ကာလအနည်းငယ်မျှ ကောင်းကင်တမန်များ ထက်နှိမ့်ချမှုကိုခံရသည့်သခင်ယေရှုပင် ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိအသေခံ တော်မူခဲ့သည့်အတွက်ဘုန်းအသရေ၊ ဂုဏ် အသရေနှင့်ပြည့်ဝလျက်ရှိတော်မူသည် ကို ယခုအခါငါတို့တွေ့မြင်ကြရ၏။-
ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-