၄ ရာ 10:5Common Language Bibleသို့ဖြစ်၍နန်းတော်အုပ်၊ မြို့ဝန်၊ မြို့မိမြို့ဖ များနှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်း သူများကယေဟုထံသို့``အကျွန်ုပ်တို့သည် အရှင်၏အစေခံများဖြစ်သဖြင့် အရှင့် အမိန့်တော်ကိုလိုက်နာရန်အသင့်ရှိပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်အဘယ်သူကို မျှမင်းမြှောက်ကြလိမ့်မည်မဟုတ်ပါ။ အရှင် သင့်တော်သလိုစီမံတော်မူပါ'' ဟုပြန် စာရေး၍ပို့ကြ၏။ အခန်းကိုကြည့်ပါ။ |
ယေဟုကလည်း``သင်တို့သည်ငါ၏ဘက်သို့ ပါ၍ ငါ့အမိန့်ကိုလိုက်နာရန်အသင့်ရှိပါ လျှင် အာဟပ်မင်း၏သားမြေးတို့၏ဦးခေါင်း များကို နက်ဖြန်ဤအချိန်အရောက်ငါ့ထံ သို့ယူဆောင်ခဲ့ကြလော့'' ဟုနောက်ထပ်စာ ရေးပေးပို့လိုက်လေသည်။ ရှမာရိမြို့ရှိမြို့မိမြို့ဖတို့သည် အာဟပ် မင်း၏သားမြေးခုနစ်ဆယ်ကိုအုပ်ထိန်း စောင့်ရှောက်လျက်ရှိကြ၏။-
ဟေဇကိသည်စေတမန်လွှတ်၍လာခိရှမြို့ရှိ သနာခရိပ်အား``အကျွန်ုပ်မှားပါပြီ။ အရှင်၏ တိုက်ခိုက်မှုကိုရပ်စဲတော်မူပါ။ အရှင်တောင်းဆို သမျှအကျွန်ုပ်ပေးပါမည်'' ဟုလျှောက်စေ၏။ ဧကရာဇ်ဘုရင်ကမိမိထံသို့ငွေဆယ်တန်နှင့် ရွှေတစ်တန်ပေးဆက်ရမည်ဖြစ်ကြောင်းပြန် ကြားလိုက်လေသည်။-