Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 10:27

Common Language Bible

သို့​ဖြစ်​၍​သူ​တို့​သည်​ဗာ​လ​ကျောက်​တိုင်​နှင့် ဗာ​လ​ဗိ​မာန်​ကို​ဖြို​ဖျက်​ပစ်​ကြ​၏။ ထို​ဘု​ရား ဗိ​မာန်​ကို​ကိုယ်​လက်​သုတ်​သင်​ရန် အိမ်​အ​ဖြစ် အ​သုံး​ပြု​ခဲ့​သည်​မှာ​ယ​နေ့​တိုင်​အောင်​ပင် ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ရှ​မာ​ရိ​မြို့​တွင်​ဗာ​လ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ကာ​ထို​ဗိ​မာန်​တွင် ယဇ်​ပလ္လင်​ကို​တည်​၏။-

ဤ​ကား​ဗာ​လ​ဘု​ရား​အား​ကိုး​ကွယ်​မှု​ကို ဣ​သ​ရေ​လ​ပြည်​တွင်​ပယ်​ရှား​ခဲ့​ပုံ​ပင်​ဖြစ်​၏။-

ထို​နောက်​ပြည်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန် ကို​ဖြို​ဖျက်​၍ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​များ​ကို ချိုး​ဖဲ့​ပြီး​လျှင် ယဇ်​ပလ္လင်​များ​၏​ရှေ့​၌​ဗာ​လ ယဇ်​ပု​ရော​ဟိတ်​မ​ဿန်​ကို​ကွပ်​မျက်​ကြ​၏။ ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​အ​စောင့်​များ ချ​ထား​ပြီး​နောက်၊-

သူ​သည်​ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​ဖျက်​သိမ်း​၍ ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ကာ​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ပူ​ဇော် ထား​သည့်​တံ​ခွန်​တိုင်​တို့​ကို​ခုတ်​လှဲ​၏။ မော​ရှေ ပြု​လုပ်​ခဲ့​သည့်​ကြေး​ဝါ​မြွေ​ကို​လည်း အ​ပိုင်း ပိုင်း​ဖြတ်​လေ​သည်။ ထို​မြွေ​ရုပ်​ကား​န​ဟုတ္တန်​ဟု နာ​မည်​တွင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ထို​အ​ချိန်​ကာ​လ​တိုင်​အောင်​ပင် ထို​မြွေ ရုပ်​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍​ပူ​ဇော်​ခဲ့ ကြ​သ​တည်း။-

သူ​သည်​ဘု​ရား​သခင်​အား​ပြစ်​မှား​သော်​လည်း မိ​မိ ၏​ခ​မည်း​တော်​သို့​မ​ဟုတ်​မယ်​တော်​ယေ​ဇ​ဗေ​လ လောက်​မ​ဆိုး​ချေ။ သူ​သည်​ခ​မည်း​တော်​တည်​လုပ် ခဲ့​သော​ဗာ​လ​ဘု​ရား​ကျောက်​တိုင်​ကို​ပယ်​ရှား လိုက်​လေ​သည်။-

ထပ်​မံ​၍​ငါ​မိန့်​ဆို​သည်​မှာ ဤ​အ​မိန့်​ကို​မ​နာ​ခံ​သော​သူ​အား သူ​၏​အိမ်​မှ​ယက်​မ​တစ်​ချောင်း​ကို​ယူ​၍​ထိပ်​ကို​ချွန်​အောင်​ပြု​လျက်၊ သပ်​လျှို​၍​သတ်​စေ၊ သူ​၏​အိမ်​သည်​လည်း​အ​မှိုက်​ပုံ​ကဲ့​သို့​ဖြစ်​ပါ​စေ။-

သင်​တို့​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို ဖျက်​ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ ကို​ဖျက်​ဆီး​ရ​မည်။ သူ​တို့​၏​အာ​ရှ​ရ​ဘု​ရား မ​သစ်​တိုင်​များ​ကို​ခုတ်​လှဲ​ရ​မည်။

မင်း​ကြီး​က``ငါ​သည်​ငါ​မြင်​မက်​သည့်​အိပ် မက်​ကို​လည်း​ကောင်း၊ ထို​အိပ်​မက်​အ​နက်​ကို လည်း​ကောင်း​သင်​တို့​ဖော်​ပြ​ကြ​စေ​ရန်​သန္နိ ဋ္ဌာန်​ချ​မှတ်​ထား​ပြီ။ အ​ကယ်​၍​သင်​တို့​မ ဖော်​ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း ဖြတ်​ကာ​သင်​တို့​၏​အိမ်​များ​ကို​ပြာ​ပုံ ဖြစ်​စေ​မည်။-

``ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ရှိ​သော​သင် တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖျက်​ဆီး ၍ နံ့​သာ​ပေါင်း​ပူ​ဇော်​ရာ​ပလ္လင်​ကို​ဖြို​ဖျက်​မည်။ သင်​တို့​၏​အ​လောင်း​များ​ကို​ပြို​ကျ​သော​ရုပ်​တု များ​အ​ပေါ်​တွင်​ပစ်​ချ​မည်။ ငါ​သည်​သင်​တို့ ကို​စက်​ဆုပ်​ရွံ​ရှာ​သ​ဖြင့်၊-

သူ​တို့​၏​ရုပ်​တု​များ​ကို​မီး​ရှို့​ပစ်​လော့။ ထို​ရုပ်​တု များ​တွင်​မွမ်း​မံ​ထား​သော​ရွှေ​ငွေ​ကို​တပ်​မက်​၍ သင်​တို့​အ​ဖို့​မ​ယူ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို​ရွံ​ရှာ​မုန်း​တီး​တော်​မူ သ​ဖြင့် ရုပ်​တု​များ​မှ​ရွှေ​ငွေ​ကို​ယူ​မိ​လျှင်​သင် တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့်​မည်။-

ထို့​ကြောင့်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ​ကို ချိုး​ပစ်​ရ​မည်။ အာ​ရှ​ရ​ဘု​ရား​မ​၏​တိုင်​များ ကို​ခုတ်​လှဲ​ရ​မည်။ သူ​တို့​၏​ရုပ်​တု​များ​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ