Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 10:19

Common Language Bible

ဗာ​လ​ဘု​ရား​၏​ပ​ရော​ဖက်​များ၊ ထို​ဘု​ရား ကို​ကိုး​ကွယ်​သူ​များ​နှင့် ဗာ​လ​ယဇ်​ပု​ရော ဟိတ်​များ​ကို​ခေါ်​ဖိတ်​ကြ​လော့။ ငါ​သည် ဗာ​လ​ဘု​ရား​အား​တစ်​ခမ်း​တစ်​နား​ယဇ် ပူ​ဇော်​မည်​ဖြစ်​၍ ထို​သူ​တို့​အား​လုံး​လာ ရောက်​ကြ​ရ​မည်။ မည်​သူ​တစ်​စုံ​တစ်​ယောက် မျှ​မ​လာ​ဘဲ​မ​နေ​ရ'' ဟု​ဆို​၏။ (ယင်း​သို့ ဆို​ရာ​၌​ယေ​ဟု​သည် ဗာ​လ​ဘု​ရား​ကို ကိုး​ကွယ်​သူ​အ​ပေါင်း​အား​သတ်​ဖြတ်​နိုင်​ရန် ပ​ရိ​ယာယ်​သုံး​လိုက်​ခြင်း​ဖြစ်​ပေ​သည်။-)

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​က​ရ မေ​လ​တောင်​ထိပ်​တွင်​ငါ​နှင့်​တွေ့​ဆုံ​ကြ​ရန် အ​မိန့်​ပေး​ပါ​လော့။ ယေ​ဇ​ဗေ​လ​မိ​ဖု​ရား ထောက်​ပံ့​ကျွေး​မွေး​ထား​သည့်​ဗာ​လ​ပ​ရော​ဖက် လေး​ရာ့​ငါး​ဆယ်​နှင့်​အာ​ရှ​ရ​ဘု​ရား​မ​၏ ပ​ရော​ဖက်​လေး​ရာ​တို့​ကို​လည်း​ခေါ်​ဖိတ်​ပါ လော့'' ဟု​ပြန်​ပြော​၏။

သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

ယေ​ဟု​သည်​ရှ​မာ​ရိ​မြို့​သား​တို့​အား စု​ဝေး စေ​ပြီး​သော​အ​ခါ``အာ​ဟပ်​မင်း​သည်​ဗာ​လ ဘု​ရား​ကို​အ​နည်း​ငယ်​မျှ​သာ​ကိုး​ကွယ်​ခဲ့​၏။ ငါ​သည်​သူ့​ထက်​များ​စွာ​ပို​၍​ထို​ဘု​ရား ကို​ကိုး​ကွယ်​မည်။-

ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``အ​ဘယ် ကြောင့်​သင့်​အား ငါ​ကူ​ညီ​ရ​ပါ​မည်​နည်း။ သင် ၏​ခ​မည်း​တော်၊ မယ်​တော်​တို့​၏​အ​တိုင်​ပင်​ခံ ပ​ရော​ဖက်​များ​ထံ​သို့​သွား​၍​တိုင်​ပင်​ပါ​လော့'' ဟု​ဆို​၏။ ယော​ရံ​က``ဤ​သို့​မ​ဆို​ပါ​နှင့်။ ငါ​တို့​မင်း​သုံး ပါး​ကို မော​ဘ​ဘု​ရင်​၏​လက်​သို့​အပ်​တော်​မူ သော​အ​ရှင်​မှာ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော် မူ​ပါ​၏'' ဟု​ဆို​၏။

သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။

အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။

ဧ​ဝ​သည်​မြွေ​၏​ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် အ​လှည့်​စား​ခံ​ရ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း စိတ်​ဖောက်​ပြန်​ကာ ခ​ရစ်​တော်​အား​အ​ကြွင်း​မဲ့ ချစ်​ခင်​စွဲ​လမ်း​မှု​ကို​စွန့်​လွှတ်​လိုက်​ကြ​မည် လော​ဟု​ငါ​စိုး​ရိမ်​မိ​၏။-

ငါ​တို့​သည်​ရှက်​ဖွယ်​ရာ​လျှို့​ဝှက်​မှု​အ​ပေါင်း တို့​ကို​စွန့်​ပယ်​ကြ​၏။ ငါ​တို့​သည်​ကောက်​ကျစ် စဉ်း​လဲ​မှု​ကို​မ​ပြု။ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​မှောက်​လှန်​၍​မ​ဟော​မ​ပြော။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော် ၌​သမ္မာ​တ​ရား​တော်​၏​အ​လင်း​တွင် သက်​ရှင် လှုပ်​ရှား​၍​လူ​အ​ပေါင်း​တို့​သြတ္တ​ပ္ပ​စိတ် ကြည်​လင်​အောင်​ပြု​မူ​ဆောင်​ရွက်​ကြ​၏။-

သင်​တို့​အား​ငါ​တို့​၏​ဟော​ပြော​တိုက်​တွန်း ချက်​သည်​အ​မှား​အ​ယွင်း​အ​ပေါ်​၌​သော် လည်း​ကောင်း၊ မ​သ​မာ​သော​ရည်​ရွယ်​ချက် အ​ပေါ်​၌​သော်​လည်း​ကောင်း၊ မူ​တည်​သည် မ​ဟုတ်။ ငါ​တို့​သည်​မည်​သူ့​ကို​မျှ​လည်း လိမ်​လည်​လှည့်​စား​ရန်​မ​ကြိုး​စား။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ