Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 10:12

Common Language Bible

ယေ​ဟု​သည်​ရှ​မာ​ရိ​မြို့​သို့​သွား​ရန်​ယေ​ဇ ရေ​လ​မြို့​မှ​ထွက်​ခွာ​သွား​၏။ လမ်း​၌​သိုး​ထိန်း များ​စ​ခန်း​ဟု​အ​မည်​တွင်​သော​အ​ရပ်​သို့ ရောက်​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့ တွင်​နေ​ထိုင်​လျက်​ရှိ​သော အာ​ဟပ်​၏​ဆွေ မျိုး​များ၊ သူ​၏​မှူး​မတ်​များ၊ ရင်း​နှီး​သော မိတ်​ဆွေ​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ကို တစ်​ယောက်​မ​ကျန်​ကွပ်​မျက်​လေ​၏။

သူ​သည်​ကွယ်​လွန်​သူ​အာ​ခ​ဇိ​၏​ဆွေ​မျိုး အ​ချို့​နှင့်​တွေ့​၍ သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သူ​များ​ပေ​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က``အာ​ခ​ဇိ​၏​ဆွေ​တော်​မျိုး​တော် များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​ယေ​ဇ ဗေ​လ​မိ​ဖု​ရား​၏​သား​တော်​သ​မီး​တော်​များ နှင့် အ​ခြား​မင်း​ဆွေ​မင်း​မျိုး​တို့​အား​ဂါ​ရ​ဝ ပြု​ရန် ယေ​ဇ​ရေ​လ​မြို့​သို့​သွား​ကြ​ပါ​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-

ယေ​ဟု​က``ဤ​သူ​တို့​အား​လက်​ရ​ဖမ်း​ဆီး ကြ​လော့'' ဟု​မိ​မိ​၏​လူ​တို့​အား​အ​မိန့်​ပေး သည့်​အ​တိုင်း ဖမ်း​ဆီး​၍​တွင်း​တစ်​ခု​အ​နီး တွင်​လူ​ပေါင်း​လေး​ဆယ့်​နှစ်​ယောက်​တို့​ကို ကွပ်​မျက်​လေ​သည်။

ယေ​ဟု​သည်​အာ​ဟပ်​မင်း​ရိုး​အ​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​စီ​ရင် ချက်​ကို​လိုက်​နာ​ဆောင်​ရွက်​လျက်​နေ​စဉ် အာ​ခ​ဇိ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​သည့် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​နှင့် အာ​ခ​ဇိ​၏​တူ​တော်​တို့​ကို​တွေ့​မြင်​လေ ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ