၄ ရာ 1:16Common Language Bible``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့က``လူတစ်ယောက်သည် အကျွန်ုပ်တို့နှင့် လာရောက်တွေ့ဆုံပြီးလျှင် ထာဝရဘုရားသည် အရှင့်အား`ဣသရေလပြည်တွင်ဘုရားမရှိ သောကြောင့် ဧကြုန်ဘုရားထံသံတမန်များ စေလွှတ်၍စုံစမ်းမေးမြန်းရသလော။ သင်သည် သင်၏သလွန်မှတစ်ဖန်ပြန်၍ထနိုင်မည် မဟုတ်။ သေလိမ့်မည်'' ဟုမိန့်တော်မူကြောင်း အရှင့်ထံပြန်ကြားလျှောက်ထားရန် အကျွန်ုပ် တို့အားပြောကြားသွားပါသည်'' ဟုသံ တော်ဦးတင်ကြ၏။
ထိုအချိန်ကာလ၌ပင်ဟေဇကိမင်းသည် သေလုမတတ်ဖျားနာ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် မင်းကြီးကိုလာ ရောက်ကြည့်ရှုပြီးနောက်``အရှင်သည်ပြန်လည် ကျန်းမာလာတော့မည်မဟုတ်သဖြင့် အရှင် နောက်ဆုံးမှာကြားရန်ရှိသည်တို့ကိုမှာကြား ခဲ့ရန် ထာဝရဘုရားမိန့်တော်မူပါ၏။ သို့ ဖြစ်၍သေရန်အသင့်ပြင်ပါလော့'' ဟုဆင့် ဆို၏။
``သူတို့အားငါအရှင်ထာဝရဘုရား အ ဘယ်သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ကိုယ်တော်ကဣသရေလအမျိုးသားတိုင်း သည်ရုပ်တုများကိုစိတ်စွဲလမ်း၍ မိမိတို့ ရှေ့တွင်ကောက်ကျစ်သောထိမိ၍လဲစရာ ကိုချထားပြီးမှ ပရောဖက်ထံသို့ချဉ်း ကပ်၍မေးမြန်းစုံစမ်းမှုကိုပြု၏။ ထိုသူ အားငါထာဝရဘုရားဖြေကြားမည်။ ထိုအဖြေကား ထိုသူကိုးကွယ်သည့်ရုပ် တုများရထိုက်သောအဖြေဖြစ်သည်။-