Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 9:20

Common Language Bible

ရှော​လ​မုန်​သည်​ခါ​နာန်​ပြည်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​စဉ်​အ​ခါ​က မ​သတ် ဘဲ​ထား​ခဲ့​သည့်​ခါ​နာန်​အ​မျိုး​သား​များ​မှ ဆင်း​သက်​လာ​သူ​တို့​ကို​မိ​မိ​၏​ချွေး​တပ် အ​ဖြစ်​အ​သုံး​ပြု​လေ​သည်။ ထို​သူ​တို့​အ​ထဲ တွင်​အာ​မော​ရိ၊ ဟိတ္တိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ​နှင့်​ယေ ဗု​သိ​အ​မျိုး​သား​တို့​ပါ​ဝင်​ကြ​၏။ ထို​သူ တို့​၏​သား​မြေး​များ​သည်​ယ​နေ့​တိုင်​အောင် ဆက်​လက်​၍​ကျွန်​ခံ​နေ​ရ​ကြ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​ကျောက်​ဆစ်​ရန်​လူ​ရှစ်​သောင်း ကို​လည်း​ကောင်း၊ ကျောက်​သယ်​မည့်​သူ​လူ​ခု​နစ် သောင်း​နှင့်​အ​တူ​တောင်​ပေါ်​ဒေ​သ​သို့​စေ လွှတ်​တော်​မူ​၏။-

ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​များ၊ စစ်​ရ​ထား များ၊ စ​ခန်း​မြို့​များ​ကို​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်​ပေါ်​နှင့်​နိုင်​ငံ​တော် အ​တွင်း​အ​ခြား​ဒေ​သ​များ​တွင် မိ​မိ​ဆောက် လုပ်​လို​သ​မျှ​သော​အ​ဆောက်​အ​အုံ​များ​ကို လည်း​ကောင်း​ချွေး​တပ်​ဖြင့်​ပင်​တည်​ဆောက်​တော် မူ​၏။-

ဒါ​ဝိဒ်​မင်း​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​၍​လုပ်​အား​ပေး​စေ​တော်​မူ​၏။ အ​ချို့​သော​သူ​တို့​သည်​ဗိ​မာန်​တော် အ​ဆောက်​အ​အုံ​အ​တွက်​ကျောက်​တုံး များ​ကို​ဆစ်​ရ​ကြ​၏။-

ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ရှော​လ​မုန်​၏​အ​စေ​ခံ​သား​ချင်း​စု​များ​မှာ၊ သော​တဲ၊သော​ဖ​ရက်၊ပေ​ရု​ဒ၊ ယာ​လ၊ဒါ​ကုန်၊ဂိဒ္ဒေ​လ၊ ရှေ​ဖ​တိ၊ဟတ္တိ​လ၊ပေါ​ခ​ရက်၊ဇေ​ဗိမ်​နှင့်​အာ​မိ​တို့​ဖြစ်​သည်။

ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​ရှော​လ​မုန်​၏​အ​စေ​ခံ​များ​နှင့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​၏​သား​မြေး​ဦး​ရေ​စု​စု​ပေါင်း​မှာ သုံး​ရာ​ကိုး​ဆယ့်​နှစ်​ယောက်​ဖြစ်​သ​တည်း။

ငါ​၏​ကောင်း​ကင်​တ​မန်​သည်​သင်​တို့​ရှေ့​က သွား​၍ အာ​မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​လိမ့်​မည်။ ထို​အ​မျိုး သား​အ​ပေါင်း​တို့​ကို​ငါ​သုတ်​သင်​ဖျက်​ဆီး မည်။-

ထို့​အ​ပြင်​သူ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​နှင့်​အ​နောက်​ဘက်​တွင်​နေ​ထိုင်​သော ဟိ​ဝိ​အ​မျိုး​သား​တို့​ထံ​သို့​လည်း အ​ကြောင်း​ကြား​လိုက်​လေ​သည်။-

ထို​ပြည်​တွင်​ကျန်​ရှိ​နေ​သော​လူ​မျိုး​များ​မှာ ဖိ​လိတ္တိ​မြို့​ငါး​မြို့​မှ​ဖိ​လိတ္တိ​လူ​မျိုး၊ ခါ​နာန် လူ​မျိုး​အား​လုံး၊ ဇိ​ဒုန်​လူ​မျိုး​နှင့်​ဗာ​လ​ဟေ ရ​မုန်​တောင်​မှ​ဟာ​မတ်​တောင်​ကြား​လမ်း​အ​ထိ တည်​ရှိ​သော​လေ​ဗ​နုန်​တောင်​ပေါ်​တွင်​နေ​ထိုင် သည့်​ဟိဝိ​လူ​မျိုး​တို့​ဖြစ်​ကြ​၏။-

သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခါ​နာန်​အ​မျိုး​သား​များ၊ ဟိတ္တိ​အ​မျိုး​သား များ၊ အာ​မော​ရိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ အ​မျိုး​သား​များ၊ ဟိ​ဝိ​အ​မျိုး​သား​များ​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​များ​တို့​နှင့်​အ​တူ​နေ ထိုင်​ရ​ကြ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ