၃ ရာ 9:15Common Language Bibleရှောလမုန်မင်းသည်ဗိမာန်တော်နှင့်နန်းတော်တည် ဆောက်မှုတွင်လည်းကောင်း၊ မြို့၏အရှေ့ပိုင်း၌မြေ ဖို့လုပ်ရာတွင်လည်းကောင်း၊ မြို့ရိုးတည်ဆောက် ရာတွင်လည်းကောင်း ချွေးတပ်ကိုအသုံးပြုတော် မူ၏။ မင်းကြီးသည်ချွေးတပ်ဖြင့်ပင်လျှင်ဟာဇော် မြို့၊ မေဂိဒ္ဒေါမြို့နှင့်ဂေဇာမြို့တို့ကိုလည်းပြန် လည်တည်ဆောက်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
``အရှင့်ခမည်းတော်ရှောလမုန်သည်ကျွန်ုပ်တို့ အပေါ်လေးလံသောထမ်းပိုးကိုတင်တော်မူခဲ့ ပါ၏။ အရှင်သည်ထိုလေးလံသောထမ်းပိုးနှင့် ပင်ပန်းသောဝန်ကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့ အားနေသာထိုင်သာရှိအောင်ပြုတော်မူမည်ဆို ပါက အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင့်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။
ယောရှမင်း၏မှူးမတ်တို့သည်သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြ၏။ ထိုသူတို့အနက်ရှိမတ် ၏သားယောဇကာနှင့်ရှောမေရ၏သားယဟော ဇဗပ်တို့သည် ယေရုရှလင်မြို့အရှေ့ပိုင်းသိလ ရွာသွားရာလမ်းရှိဖို့မြေပေါ်တွင်တည်ဆောက် ထားသောစံနန်း၌သူ့အားလုပ်ကြံကြ၏။ သူ့ အားဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာမဇိသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။
အာခဇိမင်းသည်ထိုအဖြစ်အပျက်ကို မြင်သဖြင့် မိမိ၏စစ်ရထားဖြင့်ဗေသာဂနံ မြို့ဘက်သို့ထွက်ပြေးလေ၏။ ယေဟုသည် သူ၏နောက်မှလိုက်၍``သူ့ကိုလည်းသတ်ကြ လော့'' ဟုမိမိ၏တပ်သားများအားအမိန့် ပေး၏။ အာခဇိမင်းသည်ဣဗလံမြို့အနီး ရှိဂုရမြို့သို့သွားရာလမ်းတွင်ဒဏ်ရာရ လေသည်။ သို့ရာတွင်သူသည် မေဂိဒ္ဒေါမြို့သို့ ရောက်သည့်တိုင်အောင်ဆက်လက်သွားပြီး မှသေလေ၏။-