ထိုနေရာတွင်စုဝေးလျက်နေကြသောလူအပေါင်း တို့အတွက် ဘုရားသခင်၏ကောင်းချီးမင်္ဂလာ ကိုအသံကျယ်စွာတောင်းခံတော်မူ၏။-
ယင်းသို့ပူဇော်ပြီးသောအခါသူသည် အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နာမတော်ကို အမှီပြု၍လူတို့အားကောင်းချီးပေးတော် မူ၏။-
လူအပေါင်းတို့သည် ထိုနေရာတွင်ရပ်လျက်နေကြ စဉ် ရှောလမုန်မင်းသည်သူတို့ဘက်သို့မျက်နှာမူ ပြီးလျှင်သူတို့အားကောင်းချီးပေးတော်မူ၏။-
ဒါဝိဒ်မင်းသည်ဤသို့ယဇ်များကိုပူဇော် ပြီးသောအခါ ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လူတို့အားကောင်းချီး ပေးပြီးလျှင်၊-
မင်းကြီးနှင့်မှူးမတ်တို့သည်စုပုံလျက်နေ သောပစ္စည်းများကိုတွေ့မြင်ကြသောအခါ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားချီးကူးကြကုန်၏။-
မောရှေသည်သူတို့လုပ်ပြီးသမျှကိုစစ် ဆေး၍၊ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလုပ်ဆောင်ကြကြောင်းတွေ့မြင်ရ၏။ ထို့ကြောင့်မောရှေသည်သူတို့အားကောင်းချီး ပေးလေ၏။