Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 8:50

Common Language Bible

ကိုယ်​တော်​အား​သူ​တို့​ပြစ်​မှား​ပုန်​ကန်​သည့် အ​ပြစ်​မှန်​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ ရန်​သူ​များ​သည်​သူ​တို့​အား​သ​နား​ကြင် နာ​ကြ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က နေ​၍​နား​ထောင်​တော်​မူ​ပြီး​လျှင် သူ​တို့​အား ကရု​ဏာ​ထား​တော်​မူ​ပါ။-

သင်​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​ထံ​တော်​သို့ ပြန်​လာ​ကြ​လျှင် သင်​တို့​၏​ဆွေ​မျိုး​သား ချင်း​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့် ဖမ်း​ဆီး ခေါ်​ဆောင်​သွား​သူ​တို့​သည်​သူ​တို့​အား သ​နား​၍​နေ​ရင်း​ပြည်​သို့​ပြန်​ခွင့်​ပြု​ကြ လိမ့်​မည်။ သင်​တို့​ဘု​ရား​သခင်​ထာ​ဝရ​ဘု​ရား သည်​သ​နား​ကြင်​နာ​၍ က​ရု​ဏာ​ထား တော်​မူ​တတ်​၏။ သင်​တို့​သည်​အ​ထံ​တော် သို့​ပြန်​လာ​ကြ​လျှင်​ကိုယ်​တော်​သည်​သင် တို့​အား​လက်​ခံ​တော်​မူ​ပေ​အံ့'' ဟု​ရေး သား​ဖော်​ပြ​ထား​သ​တည်း။

ဘု​ရား​သ​ခင်​သည်​မ​နာ​ရှေ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ သူ့​အား​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​လည်​သွား​ရောက်​အုပ်​စိုး​ခွင့် ကို​ပေး​တော်​မူ​၏။ ထို​အ​ခါ​မှ​ထာ​ဝရ​ဘု​ရား သည်​ဘု​ရား​မှန်​ကြောင်း​မ​နာ​ရှေ​သေ​ချာ စွာ​သိ​လေ​၏။

ဧ​ဇ​ရ​သည်​မော​ရှေ​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သည့်​ပ​ညတ်​ကျမ်း​ကို​ကြေ ညက်​စွာ​တတ်​မြောက်​သူ​ပ​ညာ​ရှိ​ကြီး​ဖြစ် ၏။ ဧ​ဇ​ရ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​စား​ရ​သူ​ဖြစ်​သ​ဖြင့် မင်း ကြီး​သည်​သူ​တောင်း​သ​မျှ​သော​အ​ရာ တို့​ကို​ပေး​သ​နား​တော်​မူ​လေ​သည်။-

အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထနာ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား​ရို​သေ​သော​ကိုယ်​တော့်​ကျွန် များ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​လည်း​ကောင်း နား​ညောင်း​တော်​မူ​ပါ။ ယ​နေ့​အ​ကျွန်ုပ်​အား အောင်​မြင်​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ဧ​က​ရာဇ် မင်း​အား​အ​ကျွန်ုပ်​၏​အ​ပေါ်​တွင်​က​ရု​ဏာ ထား​စေ​တော်​မူ​ပါ'' ဟု​ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ဧ​က​ရာဇ်​မင်း ကြီး​အား​စ​ပျစ်​ရည်​ဆက်​သ​ရ​သူ​ဖြစ်​၏။

သူ​တို့​အား​ဖမ်း​ဆီး​ချုပ်​နှောင်​ထား​ကြ​သူ​တို့​၏ စိတ်​နှ​လုံး​တွင်​သ​နား​တတ်​သော​သ​ဘော​ကို သွင်း​ပေး​တော်​မူ​၏။

ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ် များ​ကို ကိုယ်​တော်​၏​ထံ​တွင်​ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​မိ​သည့်​အ​မှား​များ​ကို အ​ထံ​တော်​မှ​ဖုံး​ကွယ်​၍​မ​ထား​ပါ။ ယင်း​တို့​ကို​ကိုယ်​တော်​အား​ဖော်​ပြ​ဝန်​ခံ​ရန် ကျွန်​တော်​မျိုး​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကူး​လွန်​မှု ရှိ​သ​မျှ​တို့​အ​တွက်​အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ​၏။

``အီ​ဂျစ်​အ​မျိုး​သား​တို့​က​ငါ​၏​လူ​မျိုး တော်​အား စေ​တ​နာ​မေတ္တာ​ရှိ​လာ​စေ​ရန်​ငါ ပြု​မည်​ဖြစ်​သော​ကြောင့်၊ သင်​တို့​ထို​ပြည်​မှ ထွက်​ခွာ​ရ​သော​အ​ခါ​လက်​ချည်း​သက် သက်​မ​ထွက်​ခွာ​ရ။-

လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။

သူ့​အား​ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း​မှ​ကယ်​နုတ်​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ယော​သပ်​အား အီ​ဂျစ် ပြည့်​ရှင်​ဖာ​ရော​ဘု​ရင်​၏​ရှေ့​တော်​တွင်​မျက်​နှာ ပွင့်​လန်း​စေ​တော်​မူ​၏။ သူ့​အား​လည်း​ဉာဏ်​ပ​ညာ ကို​ပေး​တော်​မူ​၏။ ဖာ​ရော​ဘု​ရင်​သည်​သူ့​ကို အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ နန်း​တော်​ဝန်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား တော်​မူ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ