၃ ရာ 8:47Common Language Bibleထိုတိုင်းပြည်သည်အလွန်ဝေးကွာလျက်ပင်နေ စေကာမူ ကိုယ်တော်ရှင့်လူမျိုးတော်၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ အကယ်၍သူ တို့သည်ထိုပြည်တွင်နောင်တရလျက် မိမိတို့ အဘယ်မျှအပြစ်ကူးခဲ့၍အဘယ်မျှဆိုး ညစ်ယုတ်မာခဲ့ကြောင်းကိုဖော်ပြဝန်ခံလျက် အထံတော်သို့ဆုတောင်းပတ္ထနာပြုကြပါ လျှင် အို ထာဝရဘုရား၊ သူတို့၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်လူမျိုးတော်၏ဆုတောင်းပတ္ထ နာကိုနားညောင်းတော်မူပါ။ အကယ်၍သူတို့ သည်ထိုပြည်တွင်နောင်တရလျက် မိမိတို့ အဘယ်မျှအပြစ်ကူးလွန်ခဲ့၍အဘယ်မျှ ဆိုးညစ်ခဲ့ကြောင်းဖော်ပြဝန်ခံလျက် အထံ တော်သို့ဆုတောင်းပတ္ထနာပြုကြပါလျှင် အို ထာဝရဘုရား၊ သူတို့၏ဆုတောင်း ပတ္ထနာများကိုနားညောင်းတော်မူပါ။-
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။