Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 8:44

Common Language Bible

``ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ရန်​သူ​များ​နှင့်​စစ်​တိုက်​ရန်​အ​မိန့်​ပေး​တော်​မူ သော​အ​ခါ သူ​တို့​သည်​ကိုယ်​တော်​ရွေး​ချယ်​ထား တော်​မူ​သည့်​ဤ​မြို့​တော်​နှင့်​ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​ထား​သည့်​ဤ​ဗိ​မာန်​တော် သို့​မျက်​နှာ​မူ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​သော အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ်​တော် ကျွန်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကိုယ်​တော့်​ကျွန်​အား​အောင်​ပွဲ​ခံ​စေ တော်​မူ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။

ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တစ်​ဖန်​စုံ​စမ်း မေး​လျှောက်​ပြန်​၏။ ကိုယ်​တော်​က``သူ​တို့​အား ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​မ​ခိုက်​နှင့်။ သူ​တို့ ၏​တပ်​နောက်​ဘက်​ပိုင်း​ကို​ကွေ့​၍​သွား​ပြီး လျှင်​ပိုး​စာ​တော​အ​နီး​မှ​တိုက်​ခိုက်​လော့။-

ကိုယ်​တော်​က`ငါ​သည်​ငါ​၏​လူ​မျိုးတော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​ဘယ်​မြို့​ကို​မျှ​မ​ရွေး ချယ်​ခဲ့။ သို့​ရာ​တွင်​ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရန် သင့်​ကို​ရွေး​ချယ်​ပြီ' ဟု​ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။

နား​ညောင်း​တော်​မူ​ပါ၊ ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင်​တော်​မူ​လျက် သူ​တို့​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ။''

ထို​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင် သော​အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ ပြန်​လှည့်​၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ ဖတ်​ဟစ်​အော်​လိုက်​သော​အ​ခါ​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​သည်​သူ့​ကို​ကယ်​ဆယ်​၍ ရန်​သူ တို့​သည်​အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​တိုက်​ခိုက် ကြ​၏။-

ထို​နောက်​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​အ​တူ ဗိ​မာန်​တော်​တံ​တိုင်း​သစ် တွင်​စု​ဝေး​ကြ​၏။ ယော​ရှ​ဖတ်​မင်း​သည်​သူ တို့​၏​ရှေ့​သို့​လာ​၍​ရပ်​ပြီး​လျှင်၊-

ထို​အ​ခါ​ဟေ​ဇ​ကိ​မင်း​နှင့်​အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် ဘု​ရား​သ​ခင်​ထံ တော်​သို့​ကယ်​မ​တော်​မူ​ရန်​ဟစ်​လျက်​ပတ္ထ​နာ ပြု​ကြ​လေ​သည်။-

``ကိုယ်​တော်​သည်​လူ​မျိုး​တော်​အား​ရန်​သူ​တို့ ကို​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မည်​သည့်​အ​ရပ်​၌​ရှိ​သည်​မ​ဆို ကိုယ်​တော်​ရွေး​ချယ်​ထား​တော်​မူ​သည့် ဤ​မြို့ တော်​နှင့်​ကိုယ်​တော်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​၍​ဆု တောင်း​ပတ္ထနာ​ပြု​ကြ​လျှင်-

မင်း​ကြီး​ဤ​သို့​လက်​မှတ်​ရေး​ထိုး​ပြီး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ဒံ​ယေ​လ သည်​အိမ်​သို့​ပြန်​လေ​၏။ သူ​၏​အိမ်​အ​ထက် ခန်း​တွင်​ယေ​ရု​ရှ​လင်​မြို့​သို့​မျက်​နှာ​မူ သည့်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ သူ​သည်​ထို အ​ခန်း​တွင်​မိ​မိ​ပြု​လေ့​ရှိ​သည်​အ​တိုင်း ပြူ​တင်း​ပေါက်​များ​အ​နီး​တွင် ဒူး​ထောက် လျက်​တစ်​နေ့​လျှင်​သုံး​ကြိမ်​ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။

တစ်​နေ့​သ​၌​သူ​သည်​န​ဿ​လိ​နယ်​မြေ၊ ကေ ဒေ​ရှ​မြို့​မှ​အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​သည်​န​ဿ​လိ အ​နွယ်​နှင့် ဇာ​ဗု​လုန်​အ​နွယ်​မှ​လူ​ပေါင်း​တစ် သောင်း​ကို​ခေါ်​ယူ​ကာ​တာ​ဗော်​တောင်​သို့ သွား​ရ​မည်။-

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ကြီး​မား သော​ခွန်​အား​ဖြင့်​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​၏​လက် မှ​ကယ်​ဆယ်​လော့။ ငါ​ကိုယ်​တိုင်​ပင်​သင့်​အား စေ​လွှတ်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ယုတ်​မာ​သော​ထို​အာ​မ​လက်​အ​မျိုး​သား​တို့ အား သုတ်​သင်​ပစ်​ရန်​အ​မိန့်​ပေး​၍​သင့်​ကို​စေ လွှတ်​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​ပြီး​သည်​တိုင်​အောင် စစ်​တိုက်​ရန်​မှာ​ကြား​တော်​မူ​ခဲ့​၏။-

သင်​သည်​အာ​မ​လက်​အမျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​လော့။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ သ​မျှ​ကို​ဖျက်​ဆီး​ပစ်​ရ​မည်။ တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​စေ​နှင့်။ ရှိ​သ​မျှ​ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​များ​အ​ပြင်​ရှိ​သ​မျှ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လော့'' ဟု​ဆို​၏။-

ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား အား``အ​ကျွန်ုပ်​သည်​ဤ​မြို့​ကို​တိုက်​ခိုက် လု​ယက်​သူ​တို့​၏​နောက်​သို့​လိုက်​ရ​ပါ​မည် လော။ သူ​တို့​အား​ဖမ်း​ဆီး​ရ​မိ​ပါ​မည် လော'' ဟု​မေး​လျှောက်​၏။ ကိုယ်​တော်​က``သူ​တို့​၏​နောက်​သို့​လိုက်​လော့။ သင် သည်​သူ​တို့​ကို​ဖမ်း​ဆီး​ရ​မိ​၍​သုံ့​ပန်း​များ ကို​ကယ်​ဆယ်​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ