၃ ရာ 8:29Common Language Bibleကိုယ်တော်အားဝတ်ပြုကိုးကွယ်ရန်ဌာနတော် အဖြစ်ရွေးချယ်တော်မူရာ ဗိမာန်တော်ကိုနေ့ ညမပြတ်စောင့်ထိန်းကြည့်ရှုတော်မူပါ။ ဤ ဗိမာန်တော်သို့မျက်နှာမူလျက် အကျွန်ုပ်တောင်း လျှောက်သောအခါနားညောင်းတော်မူပါ။- အခန်းကိုကြည့်ပါ။ |
ရှောလမုန်၏သားရောဗောင်သည် ယုဒဘုရင်ဖြစ် လာချိန်၌ အသက်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ် ဣသရေလအနွယ်အပေါင်းတို့နေ ထိုင်ရာမြို့ရွာများအနက် ကိုယ်တော်ရွေးချယ် တော်မူသောယေရုရှလင်မြို့၌တစ်ဆယ့်ခုနစ် နှစ်နန်းစံတော်မူ၏။ ရောဗောင်၏မယ်တော်မှာ အမ္မုန်ပြည်သူနေမဖြစ်၏။-
ကိုယ်တော်က`ငါသည်ငါ၏လူမျိုးတော်ဖြစ်သော ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါ့အားဝတ်ပြု ကိုးကွယ်ရာဗိမာန်တော်တည်ဆောက်ရန်အတွက် ဣသရေလနိုင်ငံတွင်အဘယ်မြို့ကိုမျှမရွေး ချယ်ခဲ့။ သို့ရာတွင်ငါသည်ငါ၏လူမျိုးတော်ကို အုပ်စိုးရန် သင့်ကိုရွေးချယ်ပြီ' ဟုငါ၏ခမည်း တော်ဒါဝိဒ်အားမိန့်တော်မူပါ၏'' ဟုဆို၏။
သူ၏ပတ္ထနာကိုနားညောင်းတော်မူပါ။ ကိုယ်တော် စံတော်မူရာကောင်းကင်ဘုံကနေ၍ နားထောင် တော်မူပြီးလျှင်သူပန်ကြားသည့်အတိုင်းပြု တော်မူပါ။ သို့မှသာလျှင်ကမ္ဘာပေါ်ရှိလူအပေါင်း တို့သည် ကိုယ်တော်၏လူမျိုးတော်နည်းတူကိုယ်တော် အားကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်ရှင်အဖို့အကျွန်ုပ်တည်ဆောက်ထား သည့် ဤဗိမာန်တော်သည်ကိုယ်တော်အားကိုးကွယ် ဝတ်ပြုရာဌာနတော်ဖြစ်ကြောင်းကိုသူတို့သိ ရှိကြပါလိမ့်မည်။''
သူသည်အာရှရဘုရားမတံခွန်တိုင်ကိုဗိမာန် တော်တွင်ထားရှိ၏။ ထိုဗိမာန်တော်နှင့်ပတ်သက် ၍ ထာဝရဘုရားကဒါဝိဒ်နှင့်သားတော်ရှော လမုန်အား``ဣသရေလအနွယ်တစ်ဆယ့်နှစ် နွယ်တို့၏နယ်မြေရှိသမျှမှ ငါရွေးချယ် တော်မူရာယေရုရှလင်မြို့ရှိ ဤဗိမာန်တော် သည်ငါ့ကိုအစဉ်အမြဲဝတ်ပြုကိုးကွယ် ရာဌာနဖြစ်လိမ့်မည်။-
ထာဝရဘုရားက``ငါသည်ဣသရေလပြည်ကို ပြုသကဲ့သို့ ယုဒပြည်ကိုလည်းပြုမည်။ ယုဒ ပြည်သူတို့ကို ငါ၏မျက်မှောက်တော်မှနှင်ထုတ် မည်။ ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့နှင့် ငါ့အားဝတ်ပြုကိုးကွယ်ရမည့်ဌာနအဖြစ် ငါသတ်မှတ်ပေးသောဗိမာန်တော်ကိုပင်ငါ စွန့်ခွာမည်'' ဟုမိန့်တော်မူ၏။
သူသည်ရုပ်တုတစ်ခုကိုဗိမာန်တော်တွင်ထား ၏။ ထိုဗိမာန်တော်နှင့်ပတ်သက်၍ထာဝရဘုရား ကဒါဝိဒ်နှင့်သားတော်ရှောလမုန်အား``ဣသ ရေလအနွယ်တစ်ဆယ့်နှစ်နွယ်တို့၏နယ်မြေ ရှိသမျှအနက် ငါရွေးချယ်တော်မူသော ယေရုရှလင်မြို့ရှိဤဗိမာန်တော်၌ ငါ့ကို အစဉ်အမြဲဝတ်ပြုကိုးကွယ်ရကြမည်။-
အို ထာဝရဘုရားအကျွန်ုပ်ကိုကြည့်တော် မူ၍ ကိုယ်တော်၏အစေခံဣသရေလ အမျိုးသားများအတွက် နေ့ညမပြတ် အကျွန်ုပ်တောင်းလျှောက်သောဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ ဣသရေလ အမျိုးသားများဖြစ်သူအကျွန်ုပ်တို့သည် လည်းကောင်း၊ အပြစ်ကူးလွန်သူများဖြစ် ကြောင်းအကျွန်ုပ်၏ဘိုးဘေးတို့သည်လည်း ကောင်းဝန်ခံပါ၏။ အကျွန်ုပ်တို့သည်အပြစ် ကူးလွန်မိပါပြီ။-
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏မြင့်မြတ် သန့်ရှင်းသောဗိမာန်တော်ကိုမျက်နှာမူလျက် ဦးညွှတ်ပျပ်ဝပ်ကာကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်နှင့်သစ္စာတော်ကြောင့်နာမတော်ကို ထောမနာပြုပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်၏ နာမတော်နှင့်ကတိတော်တို့သည် အထွတ်အမြတ်ဆုံးဖြစ်ကြောင်းပြသ တော်မူပြီ။
ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။-
မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏လျှောက် ထားချက်ကိုနားထောင်တော်မူပါ။ အကျွန်ုပ် တို့အားကြည့်တော်မူ၍ကိုယ်တော်ရှင့်နာမ တော်ကိုခံယူထားသည့်မြို့၏ဝေဒနာကို ရှုမှတ်တော်မူပါ။ အကျွန်ုပ်တို့သည်မိမိတို့ ကောင်းမွန်၊ မှန်ကန်မှုကိုအမှီမပြု၊ ကိုယ် တော်၏ကြီးမြတ်သောကရုဏာကို အမှီပြု၍ဆုတောင်းပါ၏။-
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-