၃ ရာ 8:23Common Language Bible``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ မိုးကောင်းကင်၌သော်လည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်၌သော်လည်းကောင်းကိုယ်တော် နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည် ကိုယ်တော့်စကားတော်ကိုစိတ်နှလုံး အကြွင်းမဲ့လိုက်နာကျင့်သုံးကြသောအခါ ကိုယ်တော်သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ် တော်ကိုစောင့်ထိန်းတော်မူလျက် သူတို့အား မေတ္တာကရုဏာတော်ကိုပြတော်မူပါ၏။- အခန်းကိုကြည့်ပါ။ |
သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။-
ထာဝရဘုရားသည် မိမိလူမျိုးတော်ဝင်ဖြစ်သူတို့နှင့်အတူရှိတော်မူပါစေသတည်း။ သင်တို့သည်ယုဒပြည်ယေရုရှလင်မြို့သို့သွားရောက်၍ ထိုမြို့တွင်ကိုးကွယ်ဝတ်ပြုသည့်ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအတွက် ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ကြရမည်။-
ဘုရားသခင်အား``အို ကောင်းကင်ဘုံရှင် ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ် တော်မူသဖြင့် အကျွန်ုပ်တို့သည်ကိုယ်တော် ကိုကြောက်ရွံ့ရိုသေရကြပါ၏။ ကိုယ်တော် သည်ကိုယ်တော်ကိုချစ်မြတ်နိုး၍အမိန့် တော်ကိုလိုက်နာသူများနှင့်ပြုတော်မူ သည့်ပဋိညာဉ်တော်ကိုစောင့်ထိန်းတော် မူပါ၏။-
``အို ဘုရားသခင်အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူပါ၏။ အလွန်ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်း၍ တန်ခိုးကြီးမားတော်မူပါသည်တကား။ ကိုယ်တော်သည်ကိုယ်တော်၏ပဋိညာဉ်တော် ဆိုင်ရာ ကတိတော်များကိုသစ္စာရှိစွာ စောင့်ထိန်းတော်မူပါ၏။ အကျွန်ုပ်တို့သည်မိမိတို့အားအာရှုရိဘုရင်များ ညှဉ်းပန်းနှိပ်စက်စဉ်အခါမှစ၍ ယနေ့တိုင်အောင်ပင်အဘယ်မျှဆင်းရဲ ဒုက္ခရောက်လျက်နေခဲ့ရကြပါသနည်း။ ကျွန်ုပ်တို့၏ဘုရင်များ၊ ခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ပရောဖက်များ၊ အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်ပြည်သူ အပေါင်းတို့သည် ဆင်းရဲဒုက္ခရောက်ခဲ့ရကြပါ၏။ အကျွန်ုပ်တို့အဘယ်မျှဆင်းရဲဒုက္ခရောက်ခဲ့ ရကြသည်ကိုသတိရတော်မူပါ။
တစ်ဖန်ထာဝရဘုရားကမောရှေအား``သင် တို့ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားသည် သင်တို့ ထံသို့ငါ့အားစေလွှတ်တော်မူသည်ဟု ဣသရေလအမျိုးသားတို့အားပြောရ မည်။ ဤနာမသည်ထာဝစဉ်ငါ၏နာမ ဖြစ်၏။ နောင်လူမျိုးအဆက်ဆက်တို့သည် ထိုနာမဖြင့်ငါ့အားသိကြလိမ့်မည်။-
ငါသည်ငါ၏ဘုရားသခင်ထာဝရဘုရား အား ဆုတောင်းပတ္ထနာပြု၍ငါ့လူမျိုး၏ အပြစ်များကိုဖော်ပြဝန်ခံ၏။ ငါက``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည်ကိုယ်တော်ကိုချီးကူးကြ ပါ၏။ ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော် ကိုတည်မြဲစေတော်မူလျက် မိမိအားချစ် ၍ပညတ်တော်တို့ကိုစောင့်ထိန်းသူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြတော်မူပါ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသာ လျှင် ဘုရားဖြစ်တော်မူကြောင်း၊ သစ္စာတော်တည် မြဲကြောင်းသိမှတ်လော့။ ထာဝရဘုရားသည် မိမိကိုချစ်၍ပညတ်တော်များကိုလိုက်နာ သောသူတို့၏အမျိုးအစဉ်အဆက်ထောင် သောင်းအထိ မိမိ၏ပဋိညာဉ်ကိုတည်စေ ၍သူတို့အားမေတ္တာကရုဏာကိုပြတော် မူမည်။-