Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 8:21

Common Language Bible

ငါ​တို့​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​တော်​မူ​စဉ်​အ​ခါ​က သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ထား​ရန်​နေ​ရာ​ကို​ဗိ​မာန်​တော်​တွင်​ပြင်​ဆင်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​သော​အ​ခါ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ရာ​သိ​နာ​တောင် ၌​မော​ရှေ​ထည့်​ထား​ခဲ့​သည့်​ကျောက်​ပြား​နှစ် ချပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​အ​ရာ​မျှ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထဲ​တွင်​မ​ရှိ။

သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​ရော​ကိုယ်​ပါ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော်​ကို​စ​တင် တည်​ဆောက်​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​အ​မွန်​အ​မြတ်​ထား​သည့်​အ​ခြား ဝတ္ထု​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​နိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ထို​နောက်​မော​ရှေ​သည်​အင်​တုံ​များ​ထဲ​မှ​သွေး ကို​ယူ​၍ လူ​တို့​အ​ပေါ်​သို့​ပက်​ဖျန်း​လေ​၏။ သူ က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပ​ညတ် များ​ကို​ပေး​လျက် သင်​တို့​နှင့်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ဤ​သွေး​ဖြင့်​အ​တည်​ဖြစ်​စေ ပြီ'' ဟု​ဆို​လေ​၏။

မော​ရှေ​သည်​အ​စာ​မ​စား၊ ရေ​မ​သောက်​ဘဲ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​၏။ သူ​သည်​ကျောက်​ပြား များ​ပေါ်​တွင်၊ ပ​ဋိ​ညာဉ်​တည်း​ဟူ​သော​ပ​ညတ် တော်​ဆယ်​ပါး​ကို​ရေး​ထား​လေ​၏။

``ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကျမ်း စာ​အုပ်​ကို​ယူ​၍ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​အ​နီး တွင်​ထား​လော့။ ထို​ကျမ်း​စာ​အုပ်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​တစ်​ဘက်​၌​သက်​သေ အ​ဖြစ် ထို​နေ​ရာ​၌​ရှိ​နေ​စေ​ရ​မည်။-

ရက်​ပေါင်း​လေး​ဆယ်​ပြည့်​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပ​ဋိ​ညာဉ်​ကျောက်​ပြား​ကို​ငါ့ အား​ပေး​တော်​မူ​၏။''

ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ် ကို​ရေး​ထား​သော​ကျောက်​ပြား​များ​ကို​လက်​ခံ ခြင်း​ငှာ ငါ​သည်​တောင်​ပေါ်​သို့​တက်​သွား​၏။ အ​ရက်​လေး​ဆယ်​ပတ်​လုံး​ငါ​သည်​မ​စား သောက်​ဘဲ​တောင်​ပေါ်​တွင်​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ