၃ ရာ 8:1Common Language Bibleရှောလမုန်မင်းသည် ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုဇိအုန်တည်းဟူသောဒါဝိဒ်မြို့ မှ ဗိမာန်တော်သို့ပင့်ဆောင်ရန်အတွက် ဣသရေလ ခေါင်းဆောင်များဖြစ်သည့်အနွယ်ခေါင်းဆောင်များ နှင့်သားချင်းစုခေါင်းဆောင်များအား အထံတော် သို့ဆင့်ခေါ်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ရှောလမုန်သည်အိပ်ရာမှနိုး၍ မိမိသည်ဘုရားသခင်မိန့်တော်မူသောစကားများကိုအိပ်မက် တွင်ကြားသိခဲ့ရကြောင်းကိုသိလေ၏။ ထို့နောက် သူသည်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ရပ်လျက် မီးရှို့ရာ ပူဇော်သကာများနှင့်မိတ်သဟာယဇ်တို့ကို ထာဝရဘုရားအားပူဇော်ပြီးနောက် မှူးမတ် အပေါင်းတို့အတွက်စားသောက်ပွဲကိုကျင်းပ လေသည်။
ဒါဝိဒ်သည်ဣသရေလအမျိုးသားအရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုရုံးစေ တော်မူ၏။ လူမျိုးနွယ်တို့ကိုအုပ်ချုပ်ရသူ အရာရှိအပေါင်းနှင့် နိုင်ငံအုပ်ချုပ်မှုတာဝန် ကိုထမ်းဆောင်ရသူအရာရှိအပေါင်းသည် လည်းကောင်း၊ သားချင်းစုခေါင်းဆောင်များ၊ ဘုရင်နှင့်သားတော်များ၏ဥစ္စာပစ္စည်း၊ မြည်း၊ နွားအစရှိသောတိရစ္ဆာန်များကိုကြီးကြပ် ထိန်းသိမ်းရကြသူတို့သည်လည်းကောင်း စုရုံးကြ၏။ တစ်နည်းအားဖြင့်နန်းတော် အရာရှိများ၊ ထင်ရှားသောစစ်သူရဲကြီး များနှင့်အရေးပါအရာရောက်သူရှိ သမျှတို့သည်ယေရုရှလင်မြို့တွင်စုရုံး ကြကုန်၏။
ဘာသာရေးထုံးနည်းအရသန့်စင်မှုပြုပြီး သူ ယဇ်ပုရောဟိတ်အရေအတွက်လုံလောက် အောင်မရှိသောကြောင့်လည်းကောင်း၊ ယေရု ရှလင်မြို့သို့လာရောက်စုဝေးသူတို့သည် မများသောကြောင့်လည်းကောင်း၊ ပြည်သူ တို့သည်ပသခါပွဲတော်ကို ကျင်းပမြဲ ဖြစ်သည့်ပထမလတွင်မကျင်းပနိုင် ကြချေ။ ထိုကြောင့်ဟေဇကိမင်းနှင့် တကွ မှူးမတ်များနှင့်ယေရုရှလင်မြို့ သူမြို့သားအပေါင်းတို့သည် ထိုပွဲတော် ကိုဒုတိယလ၌ကျင်းပရန်သဘော တူကြလေသည်။ ထိုနောက်မင်းကြီးသည် ဣသရေလပြည်နှင့်ယုဒပြည်ရှိ လူ အပေါင်းတို့ထံသို့အကြောင်းကြားတော် မူ၏။ သူသည်ဧဖရိမ်အနွယ်နှင့်မနာရှေ အနွယ်တို့အားဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသည့်အနေဖြင့် ပသခါပွဲတော်ကိုကျင်းပရန်အတွက် ယေရုရှလင်မြို့ဗိမာန်တော်သို့လာ ရောက်ကြရန်အထူးဂရုပြု၍ ဖိတ် ကြားစာများပေးပို့တော်မူလေသည်။-
ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-