မင်းကြီးသည်ယော်ဒန်မြစ်ဝှမ်းရှိသုကုတ်မြို့နှင့် ဇာရတန်မြို့စပ်ကြားတွင်ရှိသောကြေးအရည် ကြိုစက်၌ ထိုတန်ဆာများကိုသွန်းလုပ်စေတော် မူ၏။-
ယာကုပ်ကမူသုကုတ်အရပ်သို့သွား၍ ထို အရပ်တွင်သူနေထိုင်ရန်အိမ်နှင့်တိရစ္ဆာန် များအတွက် တင်းကုပ်များကိုတည်ဆောက် လေ၏။ ထိုကြောင့်ထိုအရပ်ကိုသုကုတ်ဟု ခေါ်တွင်လေသည်။
အဟိလုပ်၏သားဗာန၊တာနက်မြို့၊မေဂိဒ္ဒေါမြို့နှင့် တကွ အာဗေလမဟောလမြို့များနှင့်ယုတ်နန် မြို့တိုင်အောင်ရှိသည့်နယ်မြေတစ်ခုလုံး။ ထိုနယ် မြေသည်ဗက်ရှန်မြို့နှင့်ဇာတနမြို့များအနီး၊ ယေဇရေလမြို့၏တောင်ဘက်တွင်ရှိသတည်း။
ထိုအရာများကိုမင်းကြီးသည်ယော်ဒန်မြစ် ဝှမ်း၊ သုကုတ်မြို့နှင့်ဇာသန်မြို့များကြား၌ ရှိသောကြေးရည်ကြိုစက်တွင်သွန်းလုပ်စေ တော်မူသည်။-
ယော်ဒန်မြစ်ဝှမ်းတွင်တည်ရှိသောဗေသာရံ မြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့များ နှင့်ဟေရှဘုန်မင်းရှိဟုန်ပိုင်နက်မှကျန်သော နယ်မြေများပါဝင်သည်။ သူတို့နယ်မြေ အနောက်နယ်နိမိတ်သည်ယော်ဒန်မြစ်တစ် လျှောက်မြောက်ဘက်ဂါလိလဲအိုင်အထိ ဖြစ်သည်။-
ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။-