Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 7:39

Common Language Bible

ဟိ​ရံ​သည်​ဗိ​မာန်​တော်​တောင်​ဘက်​၌​လှည်း​ငါး​စီး၊ မြောက်​ဘက်​၌​အ​ခြား​လှည်း​ငါး​စီး​ကို​နေ​ရာ​ချ ထား​၍ ရေ​ကန်​ကို​မူ​အ​ရှေ့​တောင်​ထောင့်​၌​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဟိ​ရံ​သည်​လှည်း​တစ်​စီး​လျှင်​အင်​တုံ​တစ်​လုံး ကျ​ဖြင့် အင်​တုံ​ဆယ်​လုံး​ကို​လည်း​သွန်း​လုပ်​၏။ အင်​တုံ​တစ်​လုံး​လျှင်​အ​ချင်း​ခြောက်​ပေ​ရှိ​၍ ဂါ​လံ​နှစ်​ရာ​ဝင်​လေ​သည်။-

ဟိ​ရံ​သည်​အိုး​များ၊ ရေ​မှုတ်​များ၊ ခွက်​ဖ​လား​များ ကို​လည်း​ပြု​လုပ်​၏။ သူ​သည်​ထာ​ဝရ​ဘု​ရား​၏ ဗိ​မာန်​တော်​အ​တွက် ရှော​လ​မုန်​မင်း​စေ​ခိုင်း​သ​မျှ သော​အ​လုပ်​တို့​ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​လေ သည်။ သူ​ပြု​လုပ်​သော​ပစ္စည်း​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​လေ​သည်။ တိုင်​ကြီး​နှစ်​လုံး၊ ဖ​လား​ပုံ​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ တိုင်​ထိပ်​အုပ်​များ​တွက်​ကွန်​ရက်​များ၊ ကွန်​ရက်​ပတ်​လည်​မှ​အ​လုံး​တစ်​ရာ​စီ​ရှိ​သော သ​လဲ​သီး​ကုံး​နှစ်​ကုံး​အ​တွက်​သ​လဲ​သီး အ​လုံး​လေး​ရာ၊ လက်​တွန်း​လှည်း​ဆယ်​စီး၊ အင်​တုံ​ဆယ်​လုံး၊ ရေ​ကန်၊ ရေ​ကန်​တင်​ရန်​နွား​ရုပ်​ဆယ့်​နှစ်​ခု၊ အိုး​များ၊ ကော်​ပြား​များ​နှင့်​ခွက်​ဖ​လား​များ၊ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​ရှော​လ​မုန်​မင်း​အ​တွက် ဟိ​ရံ​ပြု​လုပ်​ပေး​သော​ဤ​ပစ္စည်း​တန်​ဆာ​တို့​သည် အ​ရောင်​တင်​ထား​ချွတ်​ပြီး​ကြေး​ဝါ​ဖြင့်​ပြီး​ကြ​၏။-

ရေ​ကန်​ကို​ဗိ​မာန်​တော်​၏​အ​ရှေ့​တောင်​ဘက်​တွင် ထား​ကြ​၏။

သူ​တို့​သည်​ဗိ​မာန်​တော်​တောင်​ဘက်​တွင်​ငါး​လုံး နှင့်​မြောက်​ဘက်​တွင် ငါး​လုံး​ထား​ရှိ​ရန်​အင်​တုံ ဆယ်​လုံး​ကို​လည်း​ပြု​လုပ်​လေ​သည်။ ထို​အင်​တုံ တို့​သည်​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​၏ အ​စိတ်​အ​ပိုင်း​တို့​ကို​ဆေး​ကြော​ရန်​အ​တွက် ဖြစ်​၏။ ရေ​ကန်​မူ​ကား​ယဇ်​ပု​ရော​ဟိတ်​တို့ ဆေး​ကြော​ရန်​အ​တွက်​ဖြစ်​လေ​သည်။

သူ​တို့​သည်​ပြ​ဋ္ဌာန်း​သတ်​မှတ်​ထား​သည့်​ပုံ​စံ နှင့်​အ​ညီ​ရွှေ​မီး​တင်​ခုံ​ဆယ်​ခု​နှင့်​စား​ပွဲ​ဆယ် လုံး​ကို​ပြု​လုပ်​၍ ဗိ​မာန်​တော်​ခန်း​မ​ဆောင်​တွင် လက်​ယာ​ဘက်​၌​ငါး​လုံး၊ လက်​ဝဲ​ဘက်​၌​ငါး လုံး​ထား​ကြ​၏။ ရွှေ​ဖ​လား​တစ်​ရာ​ကို​လည်း ပြု​လုပ်​ကြ​၏။

ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​တည်​ဆောက် မှု​လုပ်​ငန်း​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သော​ရွှေ၊ ငွေ​နှင့်​အ​ခြား ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန်​တော် သို​လှောင်​ခန်း​များ​တွင်​ထား​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ