တိုင်ထိပ်အုပ်များကို အမြင့်ခြောက်ပေရှိသည့် ကြာပွင့်ပုံသဏ္ဌာန်ပြုလုပ်၍၊-
သစ်ကတိုးသားပျဉ်များတွင်အသီးအပွင့်ပုံ များထုလုပ်ခြယ်လှယ်ထားလေသည်။ ကျောက် နံရံကိုမမြင်နိုင်စေရန် ဗိမာန်တော်အတွင်း ပိုင်းတစ်ခုလုံးကိုသစ်ကတိုးသားဖြင့်ဖုံး အုပ်ထားသတည်း။
ကြေးဝါသလဲသီးကုံးနှစ်ကုံးဖြင့်လည်း ကောင်းမွမ်းမံထား၏။
ကွန်ရက်ပုံ၏အထက်ရှိထုပ်ကာအပေါ်၌တပ် ဆင်ထားလေသည်။ တိုင်ထိပ်အုပ်တစ်ခုစီ၏ပတ် လည်ရှိသလဲသီးကုံးနှစ်ကုံးတွင် သလဲသီး လုံးရေနှစ်ရာရှိသတည်း။
ထိုတိုင်ကြီးတို့တွင်ကြာပွင့်ပုံသဏ္ဌာန်တိုင် ထိပ်အုပ်များရှိလေသည်။ သို့ဖြစ်၍တိုင်ကြီး များသွန်းလုပ်သည့်လုပ်ငန်းမှာပြီးဆုံး သတည်း။