Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 7:15

Common Language Bible

ဟိ​ရံ​သည်​အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ် တစ်​ဆယ့်​ရှစ်​ပေ​ရှိ​သော​ကြေး​ဝါ​တိုင်​ကြီး နှစ်​လုံး​ကို​သွန်း​လုပ်​၍ ဗိ​မာန်​တော်​အ​ဝင်​ဝ မှာ​ထား​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​တိုင်​ကြီး​များ​ထိပ်​တွင်​တပ်​ဆင်​ရန် အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​အုပ်​နှစ်​ခု​ကို လည်း​ပြု​လုပ်​လေ​သည်။-

ဟိ​ရံ​သည်​ဤ​ကြေး​ဝါ​တိုင်​ကြီး​နှစ်​လုံး​ကို ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှေ့​၌​စိုက်​ထူ​ထား​ပြီး လျှင် တောင်​ဘက်​တိုင်​ကို​ယာ​ခိန်၊ မြောက်​ဘက်​တိုင် ကို​ဗောဇ​ဟူ​၍​လည်း​ကောင်း​နာ​မည်​မှည့်​၏။-

ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော်​ရှိ ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​လှည်း​များ၊ ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ်​စိတ်​အ​မြွှာ မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန်​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား​ကြ​၏။-

သူ​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​တိ​ဗ​ဟတ် မြို့​နှင့် ခုန်​မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား ကို​လည်း​သိမ်း​ယူ​၍​သွား​လေ​သည်။ (နောင်​အ​ခါ ၌​ရှော​လ​မုန်​မင်း​သည်​ထို​ကြေး​ဝါ​တို့​ဖြင့်​ရေ ကန်​တိုင်​ကြီး​များ၊ ဗိ​မာန်​တော်​အ​တွက်​အိုး ခွက်​များ​ကို​ပြု​လုပ်​သ​တည်း။)

(ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ အား​လည်း​ကောင်း၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​ဦး​စီး​ခေါင်း​ဆောင်​များ​အား​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​စဉ်​အ​ခါ​က​ချန်​ထား​ခဲ့​သည့်​ကြေး​ဝါ တိုင်​ကြီး​များ၊ ကြေး​ဝါ​ရေ​ကန်​များ​နှင့်​အောက် ခံ​ခုံ​များ၊ အ​ခြား​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့ တို့​ကို​ချန်​ထား​ခဲ့​လေ​သည်။

သူ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ကို​လည်း ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​ရေး​ပါ​အ​ရာ ရောက်​သူ​လူ​အ​ပေါင်း​တို့​၏​နေ​အိမ်​များ​ကို လည်း​ကောင်း​မီး​ရှို့​ပစ်​လေ​သည်။-

ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော် ထဲ​ရှိ​ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​အောက် ခံ​ခုံ​များ​နှင့်​ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန် သ​မျှ​ကို​ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား ကြ​၏။-

တိုင်​ကြီး​နှစ်​လုံး​သည်​ဆင်​တူ​ဖြစ်​၍​အ​မြင့် နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ်​တစ်​ဆယ့်​ရှစ်​ပေ ရှိ​၏။ ထို​တိုင်​တို့​သည်​ခေါင်း​ပွ​ဖြစ်​၍​ဒု​သုံး လက်​မ​ရှိ​လေ​သည်။ ကြေး​ဝါ​တိုင်​ထိပ်​ပိုင်း များ​သည်​အ​မြင့်​ပေ​ခု​နစ်​ပေ​ခွဲ​စီ​ရှိ​၍ ယင်း တို့​၏​ပတ်​လည်​တွင်​သ​လဲ​သီး​များ​နှင့်​တန် ဆာ​ဆင်​ထား​သော​ကွန်​ရွက်​များ​ရှိ​၏။ ယင်း တို့​အား​လုံး​ကို​ကြေး​ဝါ​များ​နှင့်​ပြု​လုပ် ထား​၏။-

မုခ်​ဦး​ခန်း​သည်​အ​နံ​သုံး​ဆယ့်​လေး​ပေ၊ ထု​ပေ​နှစ်​ဆယ်​ရှိ​၍​ယင်း​ကို​လှေ​ကား​ထစ်​များ​ဖြင့်​တက်​ရ​၏။ မုခ်​ဦး​ပေါက်​တစ်​ဖက်​တစ်​ချက်​တွင်​တိုင်​တစ်​လုံး​စီ​ရှိ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ