၃ ရာ 6:6Common Language Bibleအောက်ဆုံးထပ်အခန်းများသည်အကျယ် ခုနစ်ပေခွဲ၊ အလယ်ထပ်၌ကိုးပေစီ၊ အပေါ် ဆုံးထပ်၌ဆယ်ပေခွဲစီရှိ၏။ ထိုအခန်းများ ကိုဆောက်လုပ်ရာတွင်ယက်မများကို နံရံ ကိုမဖောက်ဘဲနံရံပေါ်တွင်တင်၍ဆောက် လုပ်နိုင်စေရန် ဗိမာန်တော်နံရံတို့ကိုအထက် ထပ်တွင်အောက်ထပ်ထက်ပို၍ပါးအောင် ပြုလုပ်ထားလေသည်။ အခန်းကိုကြည့်ပါ။ |
ရှောလမုန်မင်း၏ခမည်းတော်ဒါဝိဒ်မင်း သည် ဗိမာန်တော်တည်ဆောက်ရာအရပ်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုအရပ်မှာ ယေရုရှလင်မြို့၊ မောရိတောင်ပေါ်၊ ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း ဖြစ်သည်။ ရှောလမုန်သည်ဗိမာန်တော်တည် ဆောက်မှုကိုနန်းစံစတုတ္ထနှစ်ဒုတိယလ ၌အစပြုသတည်း။-
ထိုအခန်းများသည်အထပ်သုံးထပ်ရှိ ၍တစ်ထပ်လျှင် အခန်းငယ်ပေါင်းသုံးဆယ် စီရှိ၏။ ဗိမာန်တော်ဘက်မှနံရံများသည် တစ်ထပ်နှင့်တစ်ထပ်ထုချင်းမတူကြ။ အောက် ထပ်နံရံကအထက်ထပ်နံရံထက်ပို၍ ထူ၏။ ဤနည်းအားဖြင့်အခန်းငယ်များ ကိုနံရံနှင့်ချိတ်ဆက်၍ဆောက်မည့်အစား၊ ထုထည်ကြီးသောနံရံချွန်းပေါ်တွင် တင်၍ဆောက်လုပ်ထားလေသည်။-