Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 6:36

Common Language Bible

ဗိ​မာန်​တော်​ရှေ့​၌​အ​တွင်း​တန်​တိုင်း​ကို​ဆစ် ကျောက်​သုံး​ဆင့်​လျှင် သစ်​က​တိုး​သား​ယက်​မ တစ်​ဆင့်​စီ​ဖြင့်​အ​ထပ်​ထပ်​ဆောက်​လုပ်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့်​ပုံ​များ ထု​လုပ်​၍ ပုံ​လုံး​ပေါ်​ရွှေ​ဖြင့်​မွမ်း​မံ​လေ​၏။

နန်း​တော်​တံ​တိုင်း၊ ဗိ​မာန်​တော်​တံ​တိုင်း​နှင့်​ဗိ​မာန် တော်​မုခ်​ဦး​ဆောင်​နံ​ရံ​တို့​ကို​ဆစ်​ပြီး​ကျောက် သုံး​ထပ်​လျှင် သစ်​က​တိုး၊ ယက်​မ​တုံး​တစ်​ထပ် ကျ​ဖြင့်​တည်​ဆောက်​ထား​သ​တည်း။

သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် အ​တွင်း​တံ​တိုင်း​ကို​ဆောက်​လုပ်​ပြီး​နောက် အ​ပြင် တံတိုင်း​ကို​လည်း​ဆောက်​လုပ်​ကြ​၏။ ဤ​တံ​တိုင်း နှစ်​ခု​၏​စပ်​ကြား​၌​ရှိ​သော​တံ​ခါး​များ​ကို ကြေး​ဝါ​ဖြင့်​ဖုံး​အုပ်​ကြ​၏။-

ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ရှေ့​၌​ရှိ​သော​အလယ် တံ​တိုင်း​ကို​ဆက်​ကပ်​ပြီး​နောက် ထို​နေ​ရာ​၌​တစ် ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​မှ​ဆီ​ဥ​တို့​ကို​ပူ​ဇော်​တော် မူ​၏။ ဤ​သို့​ပြု​တော်​မူ​ရ​ခြင်း​မှာ​မင်း​ကြီး တည်​ဆောက်​ထား​သည့်​ကြေး​ဝါ​ယဇ်​ပလ္လင်​သည် ထို​ပူဇော်​သ​ကာ​အား​လုံး​တို့​အ​တွက်​အ​လွန် သေး​ငယ်​သော​ကြောင့်​ဖြစ်​လေ​သည်။

နံ​ရံ​များ​ကို​ကျောက်​တုံး​တန်း​သုံး​ဆင့်၊ သစ်​သား​တန်း​တစ်​ဆင့်​ကျ​အ​ထပ်​ထပ်​ဆောက်​လုပ်​ရ​မည်။ ကုန်​ကျ​သည့်​စ​ရိတ်​မှန်​သ​မျှ​ကို ဘု​ရင့်​ဘဏ္ဍာ​တော်​တိုက်​မှ​ထုတ်​၍​သုံး​စွဲ​ရ​မည်။-

ထို​အ​ခါ​ဗာ​ရုတ်​သည်​စာ​လိပ်​ပါ​ငါ​နှုတ် တိုက်​ချ​ပေး​သ​မျှ​သော​စ​ကား​တို့​ကို ဗိ​မာန် တော်​တွင်း​ရှိ​လူ​တို့​ကြား​နိုင်​လောက်​သော​အ​ရပ် မှ​ဖတ်​ပြ​လေ​သည်။ သူ​သည်​ဂေ​မ​ရိ​၏​သား ဘု​ရင်​၏​အ​တိုင်​ပင်​ခံ​အ​မတ်​ရှာဖန်​၏​အ​ခန်း မှ​နေ​၍​ထို​စာ​လိပ်​ကို​ဖတ်​သ​တည်း။ ထို​အ​ခန်း သည်​ဗိ​မာန်​တော်​အ​ဝင်​ဝ​တံ​ခါး​သစ်​အ​နီး အ​ထက်​တံ​တိုင်း​အ​တွင်း​၌​တည်​ရှိ​လေ​သည်။

ထို​သူ​သည်​တောင်​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-

ဗိမာန်​တော်​အြုပင်​တံ​တိုင်း​ကို​မ​တိုင်း​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​ကို​လူ​မျိုး ခြား​တို့​အား​ပေး​အပ်​ထား​သော​ကြောင့်​ဖြစ် ၏။ သူ​တို့​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြို့ တော်​ကို​လေး​ဆယ်​နှစ်​လ​တိုင်​တိုင်​ခြေ​ဖြင့် နင်း​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ