ခေါက်တံခါးရွက်တစ်စုံကိုထင်းရှူးသားဖြင့် ပြုလုပ်ပြီးလျှင်၊-
ဒါဝိဒ်နှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရား၏ဂုဏ်တော်ကိုချီး ကူးရန်အစွမ်းကုန်ကခုန်ကြ၏။ သူတို့သည် စောင်းကြီးစောင်းငယ်၊ ပတ်သာ၊ နှဲ၊ ခရာ၊ လင်း ကွင်းအစရှိသည့်တူရိယာများကိုတီး မှုတ်ကြ၏။
ထိုနောက်ဟိရံသည် ရှောလမုန်ထံသို့``အဆွေ တော်ပေးပို့သောအမှာတော်စကားကိုကြား သိပါပြီ။ ကျွန်ုပ်သည်အဆွေတော်မှာကြား လိုက်သည့်အတိုင်းဆောင်ရွက်ရန်အသင့်ရှိ ပါ၏။ အဆွေတော်၏ထံသို့သစ်ကတိုး နှင့်ထင်းရှူးသစ်များကိုပေးပို့လိုက်ပါ မည်။-
ဗိမာန်တော်ခန်းမကြီး၏အဝင်ဝအတွက် ထောင့်မှန်စတုဂံပုံသဏ္ဌာန်ရှိသောတံခါး ဘောင်ကိုသံလွင်သားဖြင့်ခွေလျက်၊-
ခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့်ပုံများ ထုလုပ်၍ ပုံလုံးပေါ်ရွှေဖြင့်မွမ်းမံလေ၏။