Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 6:19

Common Language Bible

ဗိ​မာန်​တော်​၏​အ​နောက်​ဘက်​ပိုင်း​တွင် ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထား​ရှိ​ရန် အ​တွက် ဗိ​မာန်​တော်​အ​တွင်း​ခန်း​ကို​ဆောက် လုပ်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​တွင် သော​ဗိ​မာန်​တော်​အ​တွင်း​ခန်း​သည် အ​လျား ပေ​သုံး​ဆယ်​ရှိ​၍​ယင်း​ကို​သစ်​က​တိုး​သား ပျဉ်​များ​ဖြင့်​မျက်​နှာ​ကျက်​အ​ထိ​ကာ​ရံ ထား​၏။-

သစ်​က​တိုး​သား​ပျဉ်​များ​တွင်​အ​သီး​အ​ပွင့်​ပုံ များ​ထု​လုပ်​ခြယ်​လှယ်​ထား​လေ​သည်။ ကျောက် နံ​ရံ​ကို​မ​မြင်​နိုင်​စေ​ရန် ဗိ​မာန်​တော်​အ​တွင်း ပိုင်း​တစ်​ခု​လုံး​ကို​သစ်​က​တိုး​သား​ဖြင့်​ဖုံး အုပ်​ထား​သ​တည်း။

ထို​အ​ခန်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အနံ​ပေ သုံး​ဆယ်၊ အ​မြင့်​ပေ​သုံး​ဆယ်​ရှိ​၍ ယင်း​ကို​ရွှေ စင်​ဖြင့်​မွမ်း​မံ​ထား​လေ​သည်။ ယဇ်​ပလ္လင်​ကို​မူ သစ်​က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​၏။-

ဗိ​မာန်​တော်​၏​အ​ပြင်​နံ​ဘေး​နှစ်​ဘက်​နံ​ရံ​များ နှင့်​ကျော​ဘက်​နံ​ရံ​တွင်​ကပ်​၍ အ​ခန်း​ငယ်​များ ကို​ဆောက်​လုပ်​ထား​လေ​သည်။ ထို​အ​ခန်း​ငယ် များ​မှာ​အ​ထပ်​သုံး​ထပ်​ရှိ​၍​တစ်​ထပ်​လျှင် ခု​နစ်​ပေ​ခွဲ​စီ​မြင့်​၏။-

စီ​မံ​ချက်​အ​ရ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှေ့​တွင်​ထွန်း​ညှိ​ထား​ရန် ရွှေ​စင်​မီး​ခွက် များ​နှင့်​မီး​တင်​ခုံ​များ၊-

ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် လာ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ၌​ခေ​ရု​ဗိမ်​များ​၏​အ​ကြား​တွင်​ထား​ကြ​၏။-

ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​သို့ လက်​အုပ်​ချီ​လျက်``ကူ​မ​တော်​မူ​ပါ'' ဟု ကျွန်​တော်​မျိုး​ဟစ်​အော်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ