ရှောလမုန်သည်ကျောက်ဆစ်ရန်လူရှစ်သောင်း ကိုလည်းကောင်း၊ ကျောက်သယ်မည့်သူလူခုနစ် သောင်းနှင့်အတူတောင်ပေါ်ဒေသသို့စေ လွှတ်တော်မူ၏။-
တုရုဘုရင်ဟိရံမင်းသည်ဒါဝိဒ်ထံသို့သံ တမန်များကိုစေလွှတ်လေ၏။ နန်းတော်တည် ဆောက်ရန်အတွက်သစ်ကတိုးသစ်၊ လက်သမား နှင့်ပန်းရန်ဆရာများကိုလည်းပေးပို့လိုက်၏။-
တုရုမြို့မှဟိရံမင်းသည်ဒါဝိဒ်ထံသို့ကုန်သွယ် ရေးသံတမန်အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ကာ နန်း တော်တည်ဆောက်ရန်အတွက်အာရဇ်သစ်များ နှင့်တကွ လက်သမားများ၊ ပန်းရံများကို ပေးပို့လိုက်၏။-
ရှောလမုန်သည်ထာဝရဘုရားအားဝတ် ပြုကိုးကွယ်ရန်အတွက်ဗိမာန်တော်ကို လည်းကောင်း၊ မိမိ၏အတွက်နန်းတော်ကို လည်းကောင်းတည်ဆောက်ရန်အကြံရှိတော် မူ၏။-
မင်းကြီးသည်ပစ္စည်းသယ်ယူပို့ဆောင်ရေး အလုပ်သမားခုနစ်သောင်း၊ ကျောက်ဆစ် အလုပ်သမားရှစ်သောင်း၊ အလုပ်သမား များကိုကြီးကြပ်အုပ်ချုပ်သူသုံးထောင့် ခြောက်ရာတို့ကိုခန့်ထားတော်မူ၏။
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောရှောလမုန်၏အစေခံများနှင့် ဗိမာန်တော်အလုပ်သမားများ၏သားမြေးဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်သတည်း။
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။ သောတဲ၊သောဖရက်၊ပေရိဒ၊ ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊ ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊ ဇေဗိမ်နှင့်အာမုန်။
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောဗိမာန်တော်အလုပ်သမားများနှင့် ရှောလမုန်၏အစေခံများမှဆင်းသက်ပေါက်ဖွားလာသူဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်၏။
မင်းသမီးသည်နန်းတွင်းသို့ရောက်လေပြီ။ သူသည်အလွန်လှပတင့်တယ်ပါသည်တကား။ သူ၏ဝတ်လဲတော်ကိုရွှေချည်ဖြင့် ရက်လုပ်ထားပေသည်။
ထိုမှတစ်ဖန်ရာမမြို့ဘက်သို့လှည့်ပြီးလျှင် တံတိုင်းကာရံထားသောတုရုမြို့သို့ရောက် သည်။ ထိုနောက်ဟောသမြို့သို့လှည့်ပြီးလျှင် မြေထဲပင်လယ်၌အဆုံးသတ်သည်။ နယ် မြေတွင်မဟာလပ်မြို့၊ အာခဇိပ်မြို့၊-
သူတို့အားအသက်ချမ်းသာခွင့်ပေးကြကုန် အံ့။ သို့ရာတွင်သူတို့အား ငါတို့အတွက်ရေ ခပ်ထင်းခုတ်အလုပ်များကိုလုပ်ကိုင်စေရ မည်'' ဟုအကြံပေးသည့်အတိုင်းဣသ ရေလအမျိုးသားတို့ကသဘောတူကြ ၏။