၃ ရာ 5:10Common Language Bibleထို့ကြောင့်ဟိရံကရှောလမုန်လိုသမျှ သော သစ်ကတိုးနှင့်ထင်းရှူးသစ်ကိုပေးပို့၍၊- အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်၏လူတို့သည်သစ်လုံးများကိုလေ ဗနုန်တောင်မှပင်လယ်ကမ်းခြေအထိယူ ဆောင်ကာဖောင်ဖွဲ့၍ အဆွေတော်အလိုရှိ ရာဆိပ်ကမ်းသို့မျှောချပေးပါမည်။ သူ တို့သည်ထိုဆိပ်ကမ်းတွင်ဖောင်များကို ဖျက်၍ သစ်လုံးများကိုအဆွေတော်၏လူ တို့အားပေးအပ်ကြပါမည်။ အဆွေတော် အနေဖြင့်ကျွန်ုပ်၏လူများအတွက်စား နပ်ရိက္ခာကိုထောက်ပံ့စေလိုပါသည်'' ဟု ပြန်ကြားလိုက်၏။
အဆွေတော်၏သစ်ခုတ်သမားများသည် အဘယ်မျှကျွမ်းကျင်သည်ကိုကျွန်ုပ်သိပါ၏။ သို့ဖြစ်၍လေဗနုန်တောမှသစ်ကတိုး၊ ထင်း ရှူးနှင့်အာလဂုံသစ်များကိုပေးပို့စေလို ပါသည်။ ကျွန်ုပ်တည်ဆောက်ရန်ကြံရွယ်သည့် ဗိမာန်တော်သည်ကြီးကျယ်ခမ်းနားမည်ဖြစ် ၍သစ်သားအမြောက်အမြားကိုရွေးရာတွင် အဆွေတော်၏လူတို့အားဝိုင်းဝန်းကူညီ ရန်ကျွန်ုပ်၏လူတို့ကိုစေလွှတ်ပေးပါမည်။-
ဇောနမြို့သူမြို့သားတို့၏ခေါင်းဆောင်များ သည် အသိဉာဏ်တုံးသူများဖြစ်ပါသည် တကား၊ အီဂျစ်ပြည်၏အတိုင်ပင်ခံပညာ ကျော်တို့ကလည်း မိုက်မဲသောအကြံဉာဏ် ကိုပေးကြပါသည်တကား။ သူတို့သည် မိမိတို့ကိုယ်ကိုအဘယ်သို့လျှင် ရှေးဘုရင် များနှင့်ရှေးပညာရှင်တို့၏အဆက်အနွယ် များဖြစ်သည်ဟုမင်းကြီးအားလျှောက်ထား ဝံ့ကြပါသနည်း။-