၃ ရာ 4:31Common Language Bibleသူသည်ဧဇရဟိတ်အမျိုးသားဧသန်ထက် လည်းကောင်း၊ မဟောလ၏သားများဖြစ် သောဟေမန်၊ ခါလကောလနှင့်ဒါရဒတို့ ထက်လည်းကောင်းပညာရှိ၏။ သူသည်လူ အပေါင်းတို့တွင်ပညာအရှိဆုံးဖြစ် သတည်း။ ပတ်ဝန်းကျင်တိုင်းနိုင်ငံအပေါင်း သို့သူ၏ပညာသတင်းပျံ့နှံ့၍သွား ၏။- အခန်းကိုကြည့်ပါ။ |
သူတို့သည်ကြေးလင်းကွင်းတီးရန်အဆို တော်သားချင်းစုများမှယောလ၏သား ဟေမန်နှင့် သူ၏ဆွေမျိုးဗေရခိ၏သား အာသပ်နှင့်မေရာရိသားချင်းစုမှကုရှာယ ၏သားဧသန်ကိုရွေးချယ်ကြ၏။ ထိုသူတို့ ကိုကူညီရာတွင်အသံမြင့်စောင်းများကို တီးရန်ဇာခရိ၊ ဗင်ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာ သေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ ဟူသောလေဝိအနွယ်ဝင်တို့ကိုရွေးချယ် ကြ၏။ အသံနိမ့်စောင်းများတီးရန်အတွက် မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယနှင့်ဗိမာန်တော်စောင့် သြဗဒေဒုံ၊ ယေလနှင့်အာဇဇိတို့ကို ရွေးချယ်ကြ၏။
ဤရာထူးတွင်ခန့်ထားခြင်းခံရသူတို့ ၏ ဆွေစဉ်မျိုးဆက်စာရင်းမှာအောက်ပါ အတိုင်းဖြစ်သည်။ ကောဟတ်သားချင်းစုမှယောလ၏သား ဟေမန်သည် ပထမသံစုံသီချင်းအဖွဲ့ ခေါင်းဆောင်ဖြစ်၏။ ဟေမန်၏အဖသည် ယောလ၊ ယောလ၏အဖမှာ ရှမွေလ၊ ရှမွေလ၏အဖကားဧလကာနဖြစ်၏။ ဧလကာန၏အဖသည် ယေရောဟံ၊ ယေ ရောဟံ၏အဖမှာဧလျာဘ၊ ဧလျာဘ ၏အဖကားတောအာဖြစ်၏။ တောအာ၏ အဖသည်ဇောဖဲ၊ ဇောဖဲ၏အဖမှာ ဧလ ကာန၊ ဧလကာန၏အဖကားမာဟတ် ဖြစ်၏။ မာဟတ်၏အဖသည် အမာသဲ၊ အမာသဲ၏အဖသည်ဧလကာန၊ ဧလ ကာန၏အဖမှာယောလ၊ ယောလ၏အဖ ကားအာဇရိဖြစ်၏။ အာဇရိ၏အဖသည် ဇေဖနိ၊ ဇေဖနိ၏အဖမှာတာဟတ်၊ တာ ဟတ်၏အဖသည်အဿိရ၊ အဿိရ၏အဖ ကားဧဗျာသပ်ဖြစ်၏။ ဧဗျာသပ်၏အဖ သည်ကောရ၊ ကောရ၏အဖမှာဣဇဟာ၊ ဣဇဟာ၏အဖကားကောဟတ်ဖြစ်၏။ ကောဟပ်၏အဖသည်လေဝိ၊ လေဝိ၏ အဖကားယာကုပ်ဖြစ်၏။ ဤသို့လျှင် ဟေမန်၏ဘိုးဘေးစာရင်းမှာယာကုပ် တွင်အဆုံးသတ်သတည်း။
ဒက္ခိဏပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရန် ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာရောက်ခဲ့၏။ သို့ဖြစ်၍တရားစီရင်တော်မူရာနေ့၌သူသည် ထ၍သင်တို့အားပြစ်တင်စွပ်စွဲလိမ့်မည်။ ဤ အရပ်တွင်ရှောလမုန်မင်းထက်ကြီးမြတ်သည့် အရာရောက်ရှိနေလေပြီဟုငါဆို၏။
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
ရှေဘပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရ အောင်ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာ ရောက်ခဲ့၏။ ယခုအခါ၌မူရှောလမုန်ထက် ကြီးမြတ်သည့်အရာရောက်ရှိနေလေပြီ။ သို့ ဖြစ်၍တရားစီရင်တော်မူရာနေ့တွင်ရှေဘ ပြည်ဘုရင်မသည်ထ၍ထိုသူတို့အားပြစ် တင်စွပ်စွဲလိမ့်မည်။-