Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 4:27

Common Language Bible

တစ်​လ​လျှင်​တစ်​ယောက်​ကျ​ရိက္ခာ​ပေး​ဆက် ရန် တာ​ဝန်​ပေး​ခြင်း​ခံ​ရ​သည့်​ဘု​ရင်​ခံ​တစ် ဆယ့်​နှစ်​ယောက်​တို့​သည် ရှော​လ​မုန်​မင်း​ကိုယ် တိုင်​စား​သုံး​ရန်​အ​တွက်​နှင့် နန်း​တွင်း​သား အ​ပေါင်း​တို့​အ​တွက်​လို​အပ်​သော​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။ သူ​တို့​သည်​နန်း​တော် တွင်​လို​အပ်​သော​အ​ရာ​မှန်​သ​မျှ​ကို​အ​စဉ် အ​မြဲ​ပေး​ဆက်​ရ​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​မင်း​တွင်​ရ​ထား​မြင်း​များ​အ​တွက် မြင်း​ဇောင်း​လေး​သောင်း​နှင့်​တိုက်​မြင်း​များ အ​တွက်​မြင်း​ဇောင်း​တစ်​သောင်း​နှစ်​ထောင် ရှိ​လေ​သည်။-

ဘု​ရင်​ခံ​တိုင်း​သည်​မိ​မိ​တို့​၏​ဝေ​ပုံ​ကျ မု​ယော​စ​ပါး​နှင့်​ကောက်​ရိုး​ကို​လည်း​စစ် ရ​ထား​မြင်း​များ၊ လား​များ​အ​တွက်​လို အပ်​သည့်​နေ​ရာ​အ​ရပ်​သို့​အ​ရောက်​ပေး ဆက်​ကြ​၏။

ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ရ​သူ ဣ​သ​ရေ​လ အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​များ၊ သား​ချင်း​စု ခေါင်း​ဆောင်​များ​နှင့်​နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး အ​ရာ​ရှိ​များ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ သူ​တို့​သည်​လူ​ပေါင်း​နှစ်​သောင်း​လေး ထောင်​စီ​ရှိ​သည့်​အ​ဖွဲ့​များ​ဖွဲ့​၍​တစ်​လ​လျှင် တစ်​ဖွဲ့​တာ​ဝန်​ယူ​ရ​ကြ​၏။ ထို​အ​ဖွဲ့​တိုင်း​ကို သက်​ဆိုင်​ရာ​တပ်​မ​ဟာ​မှူး​တစ်​ယောက်​က ကွပ်​ကဲ​အုပ်​ချုပ်​လေ​သည်။

သူ​သည်​အ​ချို့​ကို​လူ​တစ်​ထောင်​တပ်​မှူး​များ၊ အ​ချို့​ကို​လူ​ငါး​ဆယ်​တပ်​မှူး​များ​အ​ဖြစ် ခန့်​ထား​လိမ့်​မည်။ သင်​တို့​၏​သား​များ​သည် ဘု​ရင်​၏​လယ်​များ​ကို​ထွန်​၍ သူ​၏​စပါး​များ ကို​ရိတ်​သိမ်း​ရ​လိမ့်​မည်။ သူ​၏​လက်​နက်​များ၊ စစ်​ရ​ထား​တန်​ဆာ​များ​ကို​ပြု​လုပ်​ရ​ကြ လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ