၃ ရာ 4:22Common Language Bibleတစ်နေ့အတွက် ရှောလမုန်လိုအပ်သည့်ရိက္ခာ မှာ ဂျုံမှုန့်အနုတင်းတစ်ရာ့ငါးဆယ်နှင့်ဂျုံ မှုန့်အကြမ်းတင်းသုံးရာ။- အခန်းကိုကြည့်ပါ။ |
ဘုရင်မသည်မင်းကြီးပွဲတော်တည်သော အစားအစာများ၊ မှူးမတ်တို့၏နေအိမ် များ၊ နန်းတော်အမှုထမ်းအရာထမ်းများ အားဖွဲ့စည်းပုံနှင့်သူတို့ဝတ်ဆင်ကြသည့် ဆင်တူဝတ်စုံများ၊ ပွဲလမ်းသဘင်အခါတွင် မင်းကြီးအားခစားရသူအစေခံများနှင့် သူတို့၏ဝတ်စုံများ၊ ဗိမာန်တော်တွင်မင်း ကြီးပူဇော်သည့်ယဇ်များကိုတွေ့မြင်သော အခါလွန်စွာအံ့သြလေသည်။
ယင်းသို့ကျွေးမွေးရန်အတွက်နေ့စဉ်နေ့တိုင်း နွားတစ်ကောင်၊ လက်ရွေးစင်သိုးခြောက်ကောင် နှင့်ကြက်အမြောက်အမြားကိုချက်ပြုတ် ကျွေးမွေးသည်။ ထို့ပြင်ဆယ်ရက်တစ်ကြိမ် စပျစ်ရည်ကိုလည်းထုတ်ပေး၏။ သို့ရာတွင် ငါသည်ပြည်သူတို့ထမ်းရသောဝန်လေး ကြောင်းကိုသိသဖြင့် ဘုရင်ခံအနေဖြင့် ခံစားထိုက်သောရိက္ခာကြေးများကိုမ တောင်းခံပါ။