ရှောလမုန်၏သမီးတော်တာဖတ်နှင့်စုံဖက်သည့် ဗင်အဘိနဒပ်၊ဒေါရနယ်မြေတစ်ခုလုံး၊
ရှောလမုန်၏သမီးတော်ဗာသမတ်နှင့်စုံဖက် သည့် အဟိမတ်၊နဿလိနယ်မြေ
ဟာဇော်မင်းယာဘိန်သည်ဣသရေလ အမျိုးသားတို့၏စစ်အောင်ပွဲသတင်းကို ကြားရသောအခါ သူသည်မိမိနှင့်မဟာ မိတ်မင်းများဖြစ်ကြသောမာဒုန်မင်း ယောဗပ်၊ ရှိမြုန်မင်းနှင့်အာခရှပ်မင်းတို့ ထံသို့လည်းကောင်း၊-
မြောက်ဘက်တောင်ကုန်းဒေသ၊ ဂါလိလဲ အိုင်တောင်ဘက်ယော်ဒန်မြစ်ဝှမ်း၊ တောင်ခြေ ရပ်နှင့်အနောက်ဘက်ဒေါရနယ်ကမ်းခြေ ရှိမင်းများထံသို့လည်းကောင်းအကြောင်း ကြားလိုက်လေသည်။-
ဒေါရမြို့၊ (ဂါလိလဲပြည်ရှိ) ဂေါအိမ်မြို့နှင့်၊-
မနာရှေအနွယ်သည်ဣသခါနှင့်အာရှာ နယ်မြေများအတွင်း၌တည်ရှိသောဗက်ရှန် မြို့၊ ဣဗလံမြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပြင်ဒေါရမြို့(ပင်လယ်ကမ်းခြေတွင်တည် ရှိသည်) အင်္ဒေါရမြို့၊ တာနက်မြို့၊ မေဂိဒ္ဒေါမြို့ နှင့်ပတ်ဝန်းကျင်ရှိမြို့များကိုပိုင်လေသည်။-
မနာရှေအနွယ်ဝင်တို့သည်ဗက်ရှန်မြို့၊ တာနက် မြို့၊ ဒေါရမြို့၊ ဣဗလံမြို့၊ မေဂိဒ္ဒေါမြို့တို့နှင့်ထို မြို့တို့၏အနီးရှိမြို့ရွာများမှလူတို့အား နှင်မထုတ်ခဲ့ကြချေ။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်ထိုမြို့ရွာများ၌ပင်ဆက်လက် နေထိုင်ကြလေသည်။-
သူတို့ရောက်လာကြသောအခါရှမွေလ သည်ယေရှဲ၏သားဧလျာဘကိုမြင်လျှင်``ဤ တွင်ထာဝရဘုရား၏ရှေ့တော်၌ရပ်နေ သောသူကားကိုယ်တော်ရွေးချယ်တော်မူ သည့်သူအမှန်ပင်ဖြစ်ရာ၏'' ဟုတွေး တောမိ၏။-
ထိုနောက်ယေရှဲသည်မိမိသားအဘိနဒပ် ကိုရှမွေလထံသို့ခေါ်ခဲ့၏။ သို့ရာတွင် ရှမွေလက``သူ့ကိုလည်းထာဝရဘုရား ရွေးချယ်တော်မမူ'' ဟုဆို၏။-
ယေရှဲသည်ရှိမာကိုခေါ်လိုက်၏။ ထိုအခါ``ဤ သူ့ကိုလည်းထာဝရဘုရားရွေးချယ်တော် မမူ'' ဟုရှမွေလဆိုပြန်၏။-