၃ ရာ 3:12Common Language Bibleသင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။- အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်၏လူတို့သည်သစ်လုံးများကိုလေ ဗနုန်တောင်မှပင်လယ်ကမ်းခြေအထိယူ ဆောင်ကာဖောင်ဖွဲ့၍ အဆွေတော်အလိုရှိ ရာဆိပ်ကမ်းသို့မျှောချပေးပါမည်။ သူ တို့သည်ထိုဆိပ်ကမ်းတွင်ဖောင်များကို ဖျက်၍ သစ်လုံးများကိုအဆွေတော်၏လူ တို့အားပေးအပ်ကြပါမည်။ အဆွေတော် အနေဖြင့်ကျွန်ုပ်၏လူများအတွက်စား နပ်ရိက္ခာကိုထောက်ပံ့စေလိုပါသည်'' ဟု ပြန်ကြားလိုက်၏။
မိုးမြေကိုဖန်ဆင်းတော်မူသောဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြစေသတည်း။ ကိုယ် တော်သည်ဒါဝိဒ်အားအသိအလိမ္မာဉာဏ် ပညာရှိသောသားတော်တစ်ပါးကိုပေး တော်မူ၏။ ထိုသားတော်သည်ယခုထာဝရ ဘုရားအတွက်ဗိမာန်တော်နှင့် မိမိအတွက် နန်းတော်ကိုတည်ဆောက်ရန်အကြံအစည် ရှိ၏။-
ငါသည်သူတို့အား``ရှောလမုန်မင်းကိုအပြစ် ကူးလွန်စေသူများကားလူမျိုးခြားအမျိုး သမီးများပင်တည်း။ ထိုမင်းသည်အခြားလူ မျိုးတို့၏ဘုရင်ရှိသမျှထက်ပို၍တန်ခိုး ကြီး၏။ ဘုရားသခင်သည်သူ့ကိုချစ်တော် မူသဖြင့်ဣသရေလတစ်နိုင်ငံလုံးကိုအုပ် စိုးစေတော်မူ၏။ သို့ရာတွင်သူသည်လူမျိုး ခြားများနှင့်ထိမ်းမြားစုံဖက်သည့်အပြစ် ကိုကူးလွန်ပေသည်။-
ဒက္ခိဏပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရန် ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာရောက်ခဲ့၏။ သို့ဖြစ်၍တရားစီရင်တော်မူရာနေ့၌သူသည် ထ၍သင်တို့အားပြစ်တင်စွပ်စွဲလိမ့်မည်။ ဤ အရပ်တွင်ရှောလမုန်မင်းထက်ကြီးမြတ်သည့် အရာရောက်ရှိနေလေပြီဟုငါဆို၏။