Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 3:1

Common Language Bible

ရှော​လ​မုန်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​ကို မိ​ဖု​ရား​မြှောက်​ခြင်း​အား​ဖြင့် ထို​မင်း​နှင့်​မ​ဟာ မိတ်​ဖွဲ့​တော်​မူ​၏။ ထို့​နောက်​မိ​မိ​တည်​ဆောက်​လျက် ရှိ​သည့်​နန်း​တော်၊ ဗိ​မာန်​တော်​နှင့်​မြို့​ရိုး​မ​ပြီး​မီ ဒါ​ဝိဒ်​မြို့​တွင်​နေ​ထိုင်​ရန်​မင်း​သ​မီး​အား​ခေါ် ဆောင်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

(သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဇိ​အုန်​ခံ​တပ်​ကို သိမ်း​ယူ​နိုင်​ခဲ့​သ​ဖြင့် ယင်း​သည်​ဒါ​ဝိဒ်​မြို့ ဟု​နာ​မည်​တွင်​လာ​လေ​သည်။)

ရှော​လ​မုန်​ချစ်​ခင်​မြတ်​နိုး​သည့် လူ​မျိုး​ခြား အ​မျိုး​သ​မီး​အ​မြောက်​အ​မြား​ရှိ​၏။ သူ​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ကို​သာ​မ​က​ဘဲ ဟိတ္တိ​အ​မျိုး​သ​မီး​များ၊ မော​ဘ​အ​မျိုး​သ​မီး များ၊ အမ္မုန်​အ​မျိုး​သ​မီး​များ၊ ဧ​ဒုံ​အ​မျိုး သ​မီး​များ​နှင့်​ဇိ​ဒုန်​အ​မျိုး​သ​မီး​များ​ကို လည်း​မိ​ဖု​ရား​မြှောက်​တော်​မူ​လေ​သည်။-

ဒါ​ဝိဒ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု​ရှ​လင် မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။-

အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​သွား​ပြီး​နောက် အ​နှစ်​လေး​ရာ့​ရှစ်​ဆယ် ကြာ​သော​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​ရှော​လ​မုန် မင်း​သည် မိ​မိ​နန်း​စံ​လေး​နှစ်​မြောက်၊ ဇိ​ဖ​ဟု အ​မည်​တွင်​သော​ဒု​တိ​ယ​လ​၌​ဗိ​မာန်​တော် ကို​စ​တင်​တည်​ဆောက်​တော်​မူ​၏။-

ရှော​လ​မုန်​မင်း​သည်​မိ​မိ​အ​တွက်​နန်း​တော်​ကို တစ်​ဆယ့်​သုံး​နှစ်​နှင့်​အ​ပြီး​သတ်​တည်​ဆောက် တော်​မူ​လေ​သည်။-

တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​၏​နောက်​၌ တံ တိုင်း​တစ်​ခု​အ​တွင်း​တွင်​ရှော​လ​မုန်​၏​စံ​နန်း ဆောင်​ကို အ​ခြား​အ​ဆောက်​အ​အုံ​များ​နည်း တူ​ဆောက်​လုပ်​ထား​၏။ မင်း​ကြီး​သည်​မိ​မိ​၏ မိ​ဖု​ရား​ဖြစ်​သူ​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​အ​တွက် စံ​အိမ်​တော်​ကို​လည်း​မိ​မိ​၏ စံ​နန်း​ကဲ့​သို့​ပင်​ဆောက်​လုပ်​တော်​မူ​လေ သည်။

ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်၊ နန်း​တော်​မှ စ​၍​ဆောက်​လုပ်​လို​သ​မျှ​သော အ​ဆောက်​အ​အုံ များ​ကို​ဆောက်​လုပ်​ပြီး​သော​အ​ခါ၊-

ရှော​လ​မုန်​မင်း​သည် ဗိ​မာန်​တော်​နှင့်​နန်း​တော် ကို​တည်​ဆောက်​ရာ​တွင် အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင် ကြာ​လေ​သည်။-

ထို့​နောက်​ရှော​လ​မုန်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​ကို​သူ​၏​အ​တွက် မိ​မိ​ဆောက်​လုပ်​ပေး​သည့် စံ​နန်း​သို့​ဒါ​ဝိဒ်​မြို့​မှ​ခေါ်​ဆောင်​လာ​ပြီး နောက် မြို့​၏​အ​ရှေ့​ပိုင်း​တွင်​မြေ​ဖို့​တော်​မူ​၏။

ဒါ​ဝိဒ်​မင်း​သည်​ထို​ခံ​တပ်​တွင်​နေ​ထိုင်​ရန် သွား​ရောက်​တော်​မူ​သည်​ကို​အ​စွဲ​ပြု၍ ယင်း ကို``ဒါ​ဝိဒ်​မြို့'' ဟု​ခေါ်​ဆို​သ​မုတ်​ကြ သ​တည်း။-

ယော​ရှ​ဖတ်​မင်း​သည်​ချမ်း​သာ​ကြွယ်​ဝ​၍​ဂုဏ် သ​တင်း​ကျော်​စော​လာ​သော​အ​ခါ ဣ​သ​ရေ​လ ဘုရင်​အာ​ဟပ်​မင်း​နှင့်​အ​မျိုး​ဆက်​တော်​မူ​၏။-

ရှော​လ​မုန်​သည်​မိ​မိ​၏​မိ​ဖု​ရား​ဖြစ်​သူ​အီ​ဂျစ် ဘု​ရင်​၏​သ​မီး​တော်​ကို​ဒါ​ဝိဒ်​မြို့​တော်​မှ​သူ ၏​အ​တွက်​ဆောက်​လုပ်​ထား​သော​စံ​နန်း​သို့​ခေါ် ဆောင်​လာ​တော်​မူ​၏။ မင်း​ကြီး​က``ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကိန်း​ဝပ်​ဖူး​ရာ​အ​ရပ်​သည်​သန့်​ရှင်း​မြင့် မြတ်​သည်​ဖြစ်​၍ ထို​အ​မျိုး​သ​မီး​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဒါ​ဝိဒ်​၏​နန်း​တော်​တွင်​နေ​ထိုင် ရန်​မ​သင့်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​က`ငါ​တို့​သည်​မိုး​မြေ​ရှင်​ဘု​ရား​သ​ခင်​အ​စေ​ခံ​များ​ဖြစ်​၍ ရှေး​နှစ်​ပေါင်း​များ​စွာ​က​ပင်​တန်​ခိုး​ကြီး​မား​သည့် ဣ​သ​ရေ​လ​ဘု​ရင်​တစ်​ပါး​တည်​ဆောက်​မွမ်း​မံ​ထား​ခဲ့​သည့်​ဗိ​မာန်​တော်​ကို ပြန်​လည်​တည်​ဆောက်​မွမ်း​မံ​ကြ​ခြင်း​ဖြစ်​ပါ​သည်။-

အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော် တို့​ကို​တစ်​ဖန်​လျစ်​လူ​ရှု​လျက် ဤ​ယုတ်​မာ​သူ များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကြ​လျှင် ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် တစ်​ယောက်​မျှ​မ​ကျန်​အောင် သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​မည်​မ​ဟုတ် ပါ​လော။-

ယင်း​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် တ​တိ​ယ​မျိုး​ဆက်​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​စာ​ရင်း​တွင်​ပါ​ဝင်​နိုင်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ