၃ ရာ 22:6Common Language Bibleသို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။ |
သူသည်မင်းကြီး၏ရှေ့တော်သို့ ရောက်သောအခါ မင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ်မင်းနှင့် ငါသည်ရာမုတ်မြို့သို့ချီတက်တိုက်ခိုက်ရန်သင့် မသင့်ဖြေကြားပါလော့'' ဟုမိန့်တော်မူ၏။ မိက္ခာက``ချီတက်တိုက်ခိုက်တော်မူပါ။ အရှင် မင်းကြီးသည်အောင်မြင်တော်မူပါလိမ့်မည်။ ထာဝရဘုရားသည်အရှင့်အားအောင်ပွဲခံ စေတော်မူပါလိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
ဗာလဘုရား၏ပရောဖက်များ၊ ထိုဘုရား ကိုကိုးကွယ်သူများနှင့် ဗာလယဇ်ပုရော ဟိတ်များကိုခေါ်ဖိတ်ကြလော့။ ငါသည် ဗာလဘုရားအားတစ်ခမ်းတစ်နားယဇ် ပူဇော်မည်ဖြစ်၍ ထိုသူတို့အားလုံးလာ ရောက်ကြရမည်။ မည်သူတစ်စုံတစ်ယောက် မျှမလာဘဲမနေရ'' ဟုဆို၏။ (ယင်းသို့ ဆိုရာ၌ယေဟုသည် ဗာလဘုရားကို ကိုးကွယ်သူအပေါင်းအားသတ်ဖြတ်နိုင်ရန် ပရိယာယ်သုံးလိုက်ခြင်းဖြစ်ပေသည်။-)
ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။ ယောရံက``ဤသို့မဆိုပါနှင့်။ ငါတို့မင်းသုံး ပါးကို မောဘဘုရင်၏လက်သို့အပ်တော်မူ သောအရှင်မှာ ထာဝရဘုရားပင်ဖြစ်တော် မူပါ၏'' ဟုဆို၏။
သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်သော အခါမင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ် မင်းနှင့်ငါသည်ရာမုတ်မြို့သို့ချီတက်တိုက် ခိုက်သင့်သလော၊ မသင့်သလော'' ဟုမေး တော်မူ၏။ မိက္ခာကလည်း``တိုက်ခိုက်တော်မူပါ၊ အောင်မြင် တော်မူပါလိမ့်မည်။ ထာဝရဘုရားသည် အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟု ပြန်လည်လျှောက်ထား၏။
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-