ယောရှဖတ်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ အလုံးစုံကိုလည်းကောင်း၊ သူ၏စွန့်စားမှုများနှင့် သူဆင်နွှဲခဲ့သည့်တိုက်ပွဲများကိုလည်းကောင်း ယုဒရာဇဝင်တွင်ရေးထားသတည်း။-
ရှောလမုန်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ များ၊ နေထိုင်ပြုမူပုံနှင့်ပညာဉာဏ်ရှိပုံအကြောင်း တို့ကိုရှောလမုန်အတ္ထုပ္ပတ္တိစာစောင်တွင်ရေးသား ဖော်ပြထားလေသည်။-
ယေရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာအလုံးစုံကိုလည်းကောင်း၊ သူတိုက်ခဲ့သည့် စစ်ပွဲများနှင့်တိုင်းပြည်အုပ်ချုပ်ပုံတို့ကိုလည်း ကောင်း ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
ရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားလျက်ရှိသတည်း။-
ယောရှဖတ်မင်းသည်ချမ်းသာကြွယ်ဝ၍ဂုဏ် သတင်းကျော်စောလာသောအခါ ဣသရေလ ဘုရင်အာဟပ်မင်းနှင့်အမျိုးဆက်တော်မူ၏။-
ယောရှဖတ်၏နန်းသက်အစမှအဆုံးတိုင် အောင်သူဆောင်ရွက်ခဲ့သည့်အမှုအရာ အလုံးစုံကို ဣသရေလရာဇဝင်၏တစ်စိတ် တစ်ဒေသဖြစ်သောဟာနန်၏သားယေဟု အတ္ထုပ္ပတ္တိတွင်ရေးထားသတည်း။