ဣသရေလဘုရင်အာဟပ်၏နန်းစံစတုတ္ထနှစ်၌ အာသ၏သားတော်ယောရှဖတ်သည်ယုဒပြည် တွင်နန်းတက်၍၊-
ကွယ်လွန်သော်သူ့ကိုဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော်ယေဟောရှဖတ် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
သို့ရာတွင်တတိယနှစ်၌ယုဒဘုရင်ယော ရှဖတ်သည် ဣသရေလဘုရင်အာဟပ်ထံသို့ အလည်အပတ်ရောက်ရှိလာလေသည်။
အာဟပ်ကွယ်လွန်သောအခါသားတော်အာခဇိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
ယေရုရှလင်မြို့တွင်နှစ်ဆယ့်ငါးနှစ်နန်းစံ လေသည်။ နန်းတက်ချိန်၌သူသည်အသက်သုံး ဆယ့်ငါးနှစ်ရှိ၏။ သူ၏မယ်တော်မှာရှိလဟိ ၏သမီးအဇုဘဖြစ်၏။-
အဖအမည်နှင့်သားအမည်မျိုးရိုးစဉ်ဆက်မှာ ရှောလမုန်၊ ရောဗောင်၊ အဘိယ၊ အာသံ၊ ယောရှဖတ်၊ ယောရံ၊ အာခဇိ၊ ယောရှ၊ အာမဇိ၊ သြဇိ၊ ယောသံ၊ အာခတ်၊ ဟေဇကိ၊ မနာရှေ၊ အာမုန်၊ ယောရှိတည်း။-
ယောရှဖတ်သည်ခမည်းတော်အာသ၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီး နောက် ဣသရေလနိုင်ငံအားခုခံတိုက်ခိုက် ရန်မိမိ၏နိုင်ငံကိုခိုင်ခံ့အောင်ပြုတော် မူ၏။-
ယောရှဖတ်သည်သက်တော်သုံးဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင်နှစ်ဆယ့်ငါးနှစ်နန်းစံ လေသည်။ သူ၏မယ်တော်မှာရှိလဟိ၏သမီး အဇုဘဖြစ်၏။-