Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 22:19

Common Language Bible

မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး​တော် တွင်​ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ​ကြ သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့ သို့​ချီ​တက်​၍​ကျ​ဆုံး​စေ​ရန် အ​ဘယ်​သူ​သည် သူ့​အား​လိမ်​လည်​လှည့်​စား​မည်​နည်း' ဟု​မေး တော်​မူ​လျှင်​ကောင်း​ကင်​တ​မန်​တို့​သည် အ​မျိုး​မျိုး​အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။-

ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။

တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။

သင်​တို့​သည်​အ​ခြား​သော​ဘု​ရား​ကို​အ​ဘယ် အ​ခါ​၌​မျှ မ​ကိုး​ကွယ်​ရ။

ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို ဖူး​မြင်​ရ​ကြ​၏။ ကိုယ်​တော်​၏​ခြေ​တော်​အောက်​တွင် မိုး​ကောင်း​ကင်​သ​ဖွယ်​ပြာ​လက်​နေ​သော​နီ​လာ ကျောက်​ခင်း​ထား​သည်​ဟု​ထင်​ရ​၏။-

မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​တို့​သည် တောင်​ပေါ်​သို့​တက်​၍၊-

အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​အုပ်​စိုး​သော​မင်း​များ​နှင့် သင်​၏​မြို့​သူ​မြို့​သား​တို့​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​မှ​လူ​တို့​နှင့်​တူ​ကြ​၏။ သင့်​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​တော်​ကို​နား​ထောင်​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​သွန်​သင်​တော်​မူ​သော​အ​ရာ​ကို​အာ​ရုံ​ပြု​လော့။-

ယ​ခု​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​လူ​တို့​အား အုပ်​စိုး​လျက်​ရှိ​သည့်​အ​ချင်း​မောက်​မာ ထောင်​လွှား​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။-

အ​ချင်း​ယာ​ကုပ်​၏​သား​မြေး၊ ဣ​သ​ရေ​လ အ​နွယ်​ဝင်​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ် တော်​ကို​နား​ထောင်​ကြ​လော့။

ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ငါ​ပြည် နှင်​ဒဏ်​ပေး​လိုက်​သည့်​လူ​အ​ပေါင်း​တို့၊ သင် တို့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် စကား​ကို​နား​ထောင်​ကြ​လော့' ဟူ​၍​မိန့်​တော် မူ​၏။

အ​ကယ်​၍​ဤ​သို့​သင်​တို့​ဆို​ကြ​ပါ​မူ ဣသ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ရန်​သန္နိ​ဋ္ဌာန် ချ​မှတ်​ထား​ကြ​ပါ​လျှင်၊-

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ရော​ဖက်​များ​ကို​ရှုတ်​ချ လော့။ ဗျာ​ဒိတ်​စ​ကား​များ​ကို မိ​မိ​တို့​ကိုယ်​တိုင် လုပ်​ကြံ​ဟော​ပြော​ကြ​သူ​တို့​အား ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ရန် ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​အ​ချင်း​ပြည့်​တန်​ဆာ၊ ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လော့။

သို့​ဖြစ်​သော​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နား​ထောင်​လော့။ သင်​က​ငါ့ အား၊ ဣသ​ရေ​လ​ပြည်​သား​တို့​တစ်​ဖက်​မှ ဆန့်​ကျင်​ပြီး​ပ​ရော​ဖက်​မ​ပြု​နှင့်​မ​ဟော နှင့်​ဟု​ဆို​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို ကြည့်​ရှု​စစ်​ဆေး​ရန် သူ​တို့​ကို​စေ​လွှတ်​တော် မူ​လိုက်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။

ထို့​နောက်​သူ​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``ဤ​ကား​ဗော​ရ​၏​သား​ဗာ​လမ်​ဆင့်​ဆို​သော ဗျာ​ဒိတ်​တော်​ဖြစ်​သည်။ ရှင်း​လင်း​စွာ​မြင်​နိုင်​သူ​၏​စ​ကား​များ​တည်း။

``သင်​တို့​သည်​အ​ဘယ်​က​လေး​သူ​ငယ်​ကို​မျှ အ​ထင်​အ​မြင်​မ​သေး​မိ​စေ​ရန်​သ​တိ​ထား ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ထို​သူ​ငယ် တို့​၏​ကောင်း​ကင်​တ​မန်​များ​သည်​ကောင်း​ကင်​ဘုံ ရှင်​ငါ့​ခ​မည်း​တော်​၏​ရှေ့​တော်​မှောက်​၌​အ​စဉ် မ​ပြတ်​ခ​စား​လျက်​ရှိ​ကြ​၏။-

``လူ​သား​သည်​ကောင်း​ကင်​တ​မန်​အ​ပေါင်း​ခြံ​ရံ လျက်​ဘု​ရင်​အ​ဖြစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ ပလ္လင်​ပေါ်​၌​ထိုင်​တော်​မူ​လိမ့်​မည်။-

ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။

ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရာ​၌ ``ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို လေ​ကဲ့​သို့​ဖြစ်​စေ​တော်​မူ​၏။ မိ​မိ​၏​အ​စေ​ခံ​များ​ကို​မီး​လျှံ​ကဲ့​သို့​ဖြစ်​စေ တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။-

သင်​တို့​သည်​သိ​နာ​တောင်​အ​စား​ဇိ​အုန် တောင်​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ သော​ကောင်း​ကင်​တ​မန်​များ​ရှိ​ရာ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော် တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။-

ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ပလ္လင်​တော် ပတ်​လည်​၌​လည်း​ကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​များ​၏​ပတ်​လည်​၌​လည်း​ကောင်း ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​၏ အ​သံ​ကို​ကြား​ရ​၏။ ထို​ကောင်း​ကင်​တ​မန် များ​၏​အ​ရေ​အ​တွက်​မှာ​သိန်း​သန်း​ကု​ဋေ မ​က​အ​တိုင်း​မ​သိ​များ​ပြား​၏။-

ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​ထံ မှ​ထွက်​ခွာ​သွား​တော်​မူ​၏။ ထို​အ​ခါ​သူ​သည် ကိုယ်​တော်​စေ​လွှတ်​လိုက်​သည့် နတ်​မိစ္ဆာ​၏​နှောင့် ယှက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​လေ​တော့​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ