Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 22:13

Common Language Bible

ဤ​အ​တော​အ​တွင်း​၌ မိက္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``အ​ခြား ပ​ရော​ဖက်​အား​လုံး​က​ပင်​မင်း​ကြီး​သည် အောင်​မြင်​မှု​ရ​ရှိ​လိမ့်​မည်​ဟု​ဟော​ခဲ့​ကြ လေ​ပြီ။ အ​ရှင်​သည်​လည်း​ဤ​အ​တိုင်း​ပင် ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း ဤ အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​သို့​ချီ​တက်​တော်​မူ​ပါ။ အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု​ဟော​ကြ​၏။

သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။

သူ​ယုတ်​မာ​က``ဘု​ရား​သခင်​သည်​ဤ​အ​မှု​တွင် ဂ​ရု​စိုက်​တော်​မ​မူ။ ကိုယ်​တော်​သည်​မျက်​စိ​ကို​မှိတ်​၍​ထား​တော် မူ​ပြီ။ ငါ့​ကို​အ​ဘယ်​အ​ခါ​မျှ​မြင်​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​တတ်​၏။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင်​ခို​လှုံ ပါ​၏။ ``တိုင်း​ပြည်​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ရှိ​သော​အ​ခါ သူ​တော်​ကောင်း​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ် နိုင်။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို ချောင်း​မြောင်း​ပစ်​ခတ်​ရန်​လေး​ကို​တင်​၍​မြား​ကို ချိန်​ရွယ်​လျက်​နေ​လေ​ပြီ။ ထို​ကြောင့်``တောင်​ပေါ်​သို့​ငှက်​ကဲ့​သို့ ပျံ​တက်​လော့'' ဟု ငါ့​အား​သင်​တို့​ပြော​ဆို​ကြ​သည်​မှာ​လွန်​စွာ မိုက်​မဲ​လေ​စွ​တ​ကား။

လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​များ​ကို ပြု​ကျင့်​ကြ​လေ​ပြီ။ အ​ကျင့်​ကောင်း​ကို​ပြု​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။

သင်​သည်​ဤ​အ​မှု​တို့​ကို​ပြု​ကျင့်​သော်​လည်း ငါ​သည်​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ သို့​ဖြစ်​၍​ငါ့​ကို​သင်​နှင့်​တူ​သည်​ဟု​ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သင့်​အား​ပြော​ဆို ဆုံး​မ​မည်။ သင်​၏​အ​ပြစ်​ကို​ပွင့်​လင်း​စွာ​သင့်​အား​ဖော်ပြ​မည်။

ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သည်​မိ​မိ​တို့ ၏​မ​ကောင်း​သော​ကြံ​စည်​မှု​များ​အား​ဖြင့် ဘု​ရင်​နှင့်​မင်း​မှု​ထမ်း​တို့​အား​လှည့်​စား ကြ​၏။-

``သင်​တို့​တွင်​စ​ပျစ်​ရည်​နှင့် အ​ရက်​လှိုင်​လှိုင် ပေါ​များ​လိမ့်​မည်​ဟု​ငါ​ဟော​၏' ဟူ​၍​လိမ် လည်​လှည့်​ဖြား​ပြော​ဆို​တတ်​သော​ပ​ရော​ဖက် မျိုး​ကို​ဤ​သူ​တို့​နှစ်​သက်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ