Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 22:10

Common Language Bible

ဘု​ရင်​နှစ်​ပါး​တို့​သည် မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​အ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌​ပ​ရော ဖက်​အ​ပေါင်း​တို့​သည်​လည်း​ရှေ့​ဖြစ်​ကို​ဟော ၍​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ည​နေ​စောင်း​တိုင်​အောင်​ကျယ်​လောင် စွာ​ဟစ်​အော်​ကြ​သော်​လည်း​အ​ဖြေ​မ​ရ​ကြ။ မည်​သည့်​အ​သံ​ကို​လည်း​မ​ကြား​ရ​ကြ။

အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​သော အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ​ဝတ်​ဆင် လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို ပြီး​သော်​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ရုပ်​ဖျက်​၍ တိုက်​ပွဲ​ဝင်​လေ​၏။

သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း သွား​ခေါ်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။

ဧ​သ​တာ​သည်​မိ​မိ​အ​စာ​ရှောင်​၍ သုံး​ရက်​မြောက် သော​နေ့​၌​မိ​ဖု​ရား​၏​အ​ဝတ်​တန်​ဆာ​ကို​ဝတ် ဆင်​ကာ ရာ​ဇ​ပလ္လင်​တည်​ရာ​ခန်း​မ​ဆောင်​၏​ရှေ့ ၌​ရှိ​သော​နန်း​တော်​အ​တွင်း​တံ​တိုင်း​သို့​သွား ၍​ရပ်​နေ​လေ​သည်။ မင်း​ကြီး​သည်​အ​ဝင်​ဝ ဘက်​သို့​လှည့်​၍​ထိုင်​လျက်​နေ​၏။-

ထို​သို့​မ​ဟုတ်​ပါ​မူ​အ​ဘယ်​ကြောင့်​နည်း။ ဝတ် ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​ကို​ကြည့်​ရှု​ကြ ရန်​လော။ ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​များ ကား​မင်း​အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-

သံ​ချေး​ပိုး​ရွ​မ​ဖျက်​မ​ဆီး၊ သူ​ခိုး​ဋ္ဌား​ပြ​မ​ထွင်း မ​ဖောက်​မ​ခိုး​မ​ယူ​နိုင်​သော​ဘဏ္ဍာ​ကို​ကောင်း​ကင်​ဘုံ ၌​စု​ဆောင်း​ကြ​လော့။-

ဟေ​ရုဒ်​မင်း​သည်​ချိန်း​ချက်​ထား​သည့်​နေ့​၌ မင်း မြောက်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​ပြီး​လျှင် ရာ​ဇ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​လျက် လူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။-

သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌​အ​ဂြိပ္ပ​မင်း​နှင့်​မိ ဖု​ရား​ဗေ​ရ​နိတ်​တို့​သည် ခမ်း​နား​ကြီး​ကျယ် သော​အ​ဆောင်​အ​ယောင်​များ​နှင့်​တ​ကွ​တပ်​မှူး များ၊ မြို့​ပေါ်​ရှိ​ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​များ နှင့်​အ​တူ​ကြွ​လာ​လျက် ညီ​လာ​ခံ​ခန်း​မ​ကြီး သို့​ဝင်​တော်​မူ​၏။ ထို​အ​ခါ​ဖေတ္တု​၏​အ​မိန့် အ​ရ ပေါ​လု​အား​ခေါ်​သွင်း​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ