၃ ရာ 21:4Common Language Bibleအာဟပ်သည်နာဗုတ်၏စကားကြောင့်စိတ် မချမ်းမသာဖြစ်၏။ အမျက်ထွက်၍နန်းတော် သို့ပြန်တော်မူ၏။ သူသည်နံရံဘက်သို့လှည့်၍ အိပ်ရာပေါ်တွင်လှဲလျောင်းကာပွဲတော်မတည် ဘဲနေ၏။- အခန်းကိုကြည့်ပါ။ |
ယောနဒပ်က``သင်သည်ဘုရင့်သားတော်ဖြစ် ပါလျက် နေ့စဉ်ရက်ဆက်စိတ်မချမ်းမသာ ဖြစ်လျက်နေသည်ကိုငါတွေ့မြင်ရပါ၏။ အကြောင်းအဘယ်သို့ရှိသည်ကိုငါ့အား ပြောလော့'' ဟုအာမနုန်အားဆို၏။ အာမနုန်က``ငါနှင့်အဖေတူအမေကွဲညီ အစ်ကိုတော်သူအဗရှလုံ၏နှမတာမာ ကိုငါချစ်လျက်နေပါ၏'' ဟုပြန်ပြော၏။
နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။